International Celebrity: အကြောက်မပြေသေးလို့ လက်စ်ဗီးဂက်စ်မှာလုပ်မယ့် မွေးနေ့ပွဲကို ကင်မ်ကာဒါရှီယန် ဖျက်သိမ်း

နိုက်ကလပ်တစ်ခုမှာ အကြီးအကျယ်ပြုလုပ်ဖို့ စီစဉ်ထားတာပါ။

play

 

ကင်မ်ကာဒါရှီယန်ဟာ လက်စ်ဗီးဂက်စ်က Hakkasan နိုက်ကလပ်မှာ ကျင်းပမဲ့ သူမရဲ့မွေးနေ့ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ပြီလို့သိရပါတယ်။

ဒေါ်လာ ၁၁ သန်းတန် ရတနာတွေကို ပါရီမြို့မှာ သေနတ်နဲ့ထောက် ဓားပြတိုက်ခံရလိုက်ရတဲ့ အထိတ်တလန့်ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ကင်မ်ဟာ စိတ်တွေ ပြန်လည်တည်ငြိမ်လာဖို့အတွက် ဆွေးနွေးတိုင်ပင်နေရတယ်လို့လည်း ဆိုပါတယ်။

play

 

သူမဟာ ယင်းကလပ်မှာ ဒီနှစ်အတွင်း ပွဲ ၄ ကြိမ်လုပ်ဖို့ စာချုပ်ချုပ်ထားပြီး အဲဒီအတွက် ဒေါ်လာ တစ်သန်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၁ ရက်မှာ ကျရောက်မယ့် သူမရဲ့မွေးနေ့အတွက် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ယင်းဖျော်ဖြေပွဲဟာ သူမရဲ့ တတိယအကြိမ်မြောက် ပွဲသာဖြစ်ပြီး စတုတ္ထမြောက် ပွဲကိုတော့ ယင်းကလပ်ရဲ့ ပွဲပြက္ခဒိန်မှာ မတွေ့ရသေးပါဘူး။

play

 

ဒါပေမဲ့ Hakkasan ကလပ်က ကင်မ်ကာဒါရှီယန်တို့မိသားစုနဲ့ ဆက်ဆံရေးအဆင်ပြေလှတဲ့အတွက် ပွဲကို ရက်ရွှေ့ခွင့်ပေးထားကာ သူမကိုပေးမယ့်ငွေကို မဖြတ်ဘူးလို့ သိရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ