International Celebrity: မီရန်ဒါကားရ်ရဲ့အိမ်ထဲ ကျူးကျော်ဝင်ရောက်သူကို ပစ်ခတ်ဖမ်းဆီးခဲ့ရ

လုံခြုံရေးအစောင့်က ကျုးကျော်သူကို တားဆီးရာမှ မျက်လုံးအနီးတစ်ဝိုက်ကို ဓားနဲ့ထိုးခံလိုက်ရပါတယ်။

play

 

မာလီဘူးမှာရှိတဲ့ မီရန်ဒါကားရ်ရဲ့ အိမ်ထဲကို လူတစ်ဦးက ကျူးကျော်ဝင်ရောက်ခဲ့လို့ ပစ်ခတ်ဖမ်းဆီးလိုက်ရပါတယ်။ တားဆီးဖို့ကြိုးပမ်းခဲ့တဲ့ လုံခြုံရေးသမားမှာလည်း ဓားနဲ့အထိုးခံလိုက်တယ်လို့ သိရပါတယ်။

play

 

သောကြာနေ့မနက် ၁၁ နာရီ ၁၀ မိနစ်က မီရန်ဒါကားရ်တို့သားအမိနေထိုင်ရာ အိမ်ထဲကို ခြံရိုးကတစ်ဆင့် ကျော်တက်ပြီး ဝင်ရောက်ဖို့ ကြိုးစားခဲ့တာပါ။ လုံခြုံရေးအစောင့်က ကျုးကျော်သူကို တားဆီးရာမှ မျက်လုံးအောက်နားကို ဓားနဲ့ထိုးခံလိုက်ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျူးကျော်သူကို သေနတ်နဲ့လေးချက် ပစ်ပြီး ဖမ်းဆီးလိုက်ရပါတယ်။ ခုတော့ နှစ်ယောက်လုံးကို လော့စ်အန်ဂျလိစ်ဆေးရုံမှာ တင်ပို့ကုသထားပါတယ်။

play

 

ကံကောင်းသွားတာကတော့ အခင်းဖြစ်ပွားချိန်မှာ မီရန်ဒါကားရ်ဟာ အိမ်မှာရှိမနေခဲ့ပါဘူး။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ