International Celebrity: အချစ်ဟောင်းအပေါ် ခံစားချက်တွေရှိနေတုန်းပဲလို့ အမ်မာစတုန်းဝန်ခံ

သြဂုတ်လတုန်းက နှစ်ယောက်သား ပြုံးပြုံးရွှင်ရွှင်နဲ့ အတူလမ်းလျှောက်သွားတာမြင်ခဲ့ရပါသေးတယ်။

play

 

နိုဝင်ဘာလမှာ ထွက်ရှိမယ့် Vogue မဂ္ဂဇင်းအတွက် အင်တာဗျူးဖြေကြားခဲ့ရင်း အချစ်ဟောင်းအပေါ် ခံစားချက်တွေရှိနေဆဲဆိုတာ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တာပါ။ အမ်မာနဲ့ Spider-Man မင်းသား အန်ဒရူးဂါဖီးတို့ဟာ ယမန်နှစ် အောက်တိုဘာလမှာ လမ်းခွဲခဲ့ကြတာပါ။

play

 

" ကျွန်မ ခုချိန်ထိ အရမ်းကိုချစ်နေဆဲ လူတစ်ယောက်ပေါ့" ဆိုတဲ့စကားနဲ့ ရည်းစားဟောင်းကို ဖော်ညွှန်းဖြေကြားခဲ့ပါတယ်။ အန်ဒရူးဘက်ကစပြီး အမ်မာကို လမ်းခွဲခဲ့တာလည်းဖြစ်တာကြောင့် မင်းသမီးချောလေးမှာ အချစ်ဟောင်းအပေါ် မမေ့နိုင်သေးတာဖြစ်ပါလိမ့်မယ်။

play

 

သြဂုတ်လတုန်းက လန်ဒန်မြို့ရဲ့ လမ်းတွေထက်မှာ နှစ်ယောက်သား ပြုံးပြုံးရွှင်ရွှင်နဲ့ အတူလမ်းလျှောက်သွားတာမြင်ရတော့ ပြန်ပြေလည်မလားရယ်လို့ ထင်ခဲ့မိပါသေးတယ်။ အမ်မာရဲ့ ယခုအင်တာဗျူးအရဆိုရင်တော့ သူတို့နှစ်ယောက် ပြန်ဆက်ဖို့ကတော့ မလွယ်တဲ့သဘောပါပဲ။

Source : Vogue

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ