International Celebrity: အဒဲလ်ရဲ့ တစ်နေ့စာဝင်ငွေ ပေါင်ရှစ်သောင်းခွဲနီးပါးရှိ

25 အယ်လ်ဘမ်ဟာလည်း ကမ္ဘာတစ်ဝန်းမှာ ကော်ပီချပ်ရေပေါင်း ၃ သန်းလောက် ရောင်းချခဲ့ရပါတယ်။

play

 

အဆိုတော်အဒဲလ်ရဲ့ နောက်ဆုံးအယ်လ်ဘမ်ဟာ သူမရဲ့ကြွယ်ဝချမ်းသာမှုကို ပိုမိုများပြားလာစေခဲ့ပါတယ်။ ယမန်နှစ်အတွင်း သူမရဲ့ဝင်ငွေက ပေါင်စတာလင် သန်း ၃၀ အထိလည်း ရှိခဲ့ပါတယ်။

ယခုဆိုရင် အဒဲလ်ရဲ့ ပိုင်ဆိုင်မှုဟာ ပေါင် ၈၅ သန်းလောက် ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ တစ်နေ့တာ အချိုးနဲ့ တွက်ကြည့်မယ်ဆိုရင်တော့ အဒဲလ်ဟာ တစ်နေ့ကို ပေါင် ၈၄,၀၀၀ ဝင်နေတဲ့သဘောပါပဲ။

play

 

၂၀၁၅ ခုနှစ် နိုဝင်ဘာလက ဖြန့်ချိခဲ့တဲ့ 25 အယ်လ်ဘမ်ဟာလည်း ကမ္ဘာတစ်ဝန်းမှာ ကော်ပီချပ်ရေပေါင်း ၃ သန်းလောက် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ယူကေမှာလည်း ကော်ပီချပ်ရေ ၈၀၀,၀၀၀ ကို တစ်ပတ်အတွင်းရောင်းချခဲ့ရလို့ ယူကေသမိုင်းတစ်လျှောက် ရောင်းရအမြန်ဆုံးအယ်လ်ဘမ်ဖြစ်လာခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ