International Celebrity: ဗိုက်ကလေးနဲ့ ပွဲတက်လာတဲ့ မာရီယွန်ကော့တီလတ်

ပစ်ဂျိုလီစုံတွဲ ကွဲကြတော့ မဆီမဆိုင် စွပ်စွဲခံလိုက်ရသူလေးပေါ့။

play

 

ပြင်သစ်သရုပ်ဆောင် မာရီယွန် ကော့တီလတ်ရဲ့ ကိုယ်ဝန်လေးဟာ တစ်နေ့တစ်ခြား ပိုသိသာလာပါပြီ။ သူမရဲ့ချစ်သူ ကတ်နက်အတွက် ဒုတိယမြောက်ရင်သွေးကို လွယ်ထားရတာလည်းဖြစ်ပါတယ်။

play

 

သောကြာညက လန်ဒန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသခဲ့တဲ့ It's Only the End of the World ဇာတ်ကား အထူးပွဲကို သူမက ဂါဝန်ဖားဖားလေးနဲ့ ရောက်လာခဲ့ပါတယ်။ အနက်ရောင်အောက်ခံမှာ ရွှေရောင်အဆင်ခြယ်မှုန်းထားတဲ့ ဂါဝန်က ချစ်စရာကောင်းပါတယ်။

play

 

ဒီဇာတ်ကားထဲမှာ သူမနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ လီယာဆိုင်းဒေါက်ကလည်း ကိုယ်ဝန်အရင့်အမာနဲ့ ပွဲကိုတက်ရောက်လာပါတယ်။ လှပချောမောတဲ့ ကိုယ်ဝန်သည်လေးနှစ်ဦးဟာ လန်ဒန်ညမီးရောင်အောက်မှာ လင်းလင်နေခဲ့ကြပါတယ်။

Source : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ