International Celebrity: ဂျက်စတင်ဘီဘာရဲ့ ရှိုးပွဲမှာ နစ်မြောနေတဲ့ ဟာပါ

, updated

သမီးရဲ့ချစ်စဖွယ်ပုံရိပ်လေးကို ဘက်ခမ်းက သဘောတကျနဲ့ မျှဝေခဲ့ပါတယ်။

play

 

ဒေးဗစ်ဘက်ခမ်းဟာ တစ်ဦးတည်းသောသမီးလေး ဟာပါကို တုန်နေအောင်ချစ်သူပါ။

ဘက်ခမ်းဟာ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဟက်ပါလေးရဲ့ ဗီဒီယိုဖိုင်ကိုတင်ရင်း သမီးကို အရမ်းချစ်တဲ့ဖခင်ဆိုတာကို ထပ်မံသက်သေပြလိုက်ပြန်ပါတယ်။

play

 

အဲဒီဗီဒီယိုထဲမှာ ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ရဲ့ သမီးထွေးလေး ဟာပါဟာ လန်ဒန်မြို့မှာ ပြုလုပ်တဲ့ ဂျက်စတင်ဘီဘာရဲ့ရှိုးပွဲကို စိတ်ပါလက်ပါကြည့်ရှုနေတာကို တွေ့ရပါတယ်။

play

 

ဂျက်စတင်ဘီဘာ Life Is Worth Living သီချင်း သီဆိုနေချိန်မှာ ဟာပါလေးဟာ လက်ထဲမှာ မိုဘိုင်းဖုန်းလေးကိုင်ပြီး လက်ကို ဝှေ့ယမ်းပြနေခဲ့ပါတယ်။

play
ဂျေဘီရဲ့ရှိုးပွဲပြီးလို့ ပြန်ကြတော့မယ့် ဘက်ခမ်းမိသားစု

 

ဟာပါက ဘယ်သူ့ကို အားပေးနေတယ်ဆိုတာကို သေချာစေဖို့ ဘက်ခမ်းက ဗီဒီယိုဖိုင်မှာ JB ဆိုတဲ့စာသားကိုတောင် ထည့်ထားပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ