International Celebrity: ပိုကိတ်လာတာ ခွဲစိတ်ပြုပြင်လို့မဟုတ်ဘဲ ဝလာတာပါလို့ ဆိုတဲ့ ကိုင်လီဂျန်နာ

ကိုယ်အလေးချိန် ၁၆ ပေါင်တောင် တက်လာတယ်လို့ ဆိုပါတယ်။

play

 

အသက် ၁၉ နှစ်အရွယ် ကိုင်လီဂျန်နာဟာ အခုတလော ကောက်ကြောင်းပိုမိုပေါ်လွင်ဟာ ဖွံ့ထွားလွန်းတာကြောင့် ခွဲစိတ်ပြုပြင်ထားတာဖြစ်မယ်လို့ အထင်ခံနေရပါတယ်။

"ကျွန်မ တင်အစားထိုးထားတာ မဟုတ်ပါဘူး" လို့ သူမက ဆိုပါတယ်။

play

 

ရင်သား၊ နှာခေါင်းနဲ့ မေးရိုးအပါအဝင် သူမရဲ့ခန္ဓာကိုယ်မှာရှိတဲ့ အခြားအစိတ်အပိုင်းတွေကိုလည်း ခွဲစိတ်ပြုပြင်မထားဘူးလို့ သူမက ဆိုခဲ့ပါတယ်။

play

 

သူမ ပိုကိတ်လာတာကိုတော့ ဝန်ခံခဲ့ပြီး ဒါဟာ ၁၆ ပေါင်တောင် တက်လာလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

"အရင်က ကျွန်မ ပေါင် ၁၂၀ ပဲရှိတယ်။ တကယ့်ကို ပိန်ပိန်လေး။ အခု ၁၃၆ ပေါင်တောင်ရှိနေပြီ" လို့ သူမက ပြောခဲ့ပါတယ်။

ှSource & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ