International Celebrity: မိုးရေစက်တွေအောက်မှာ အလှကြီးလှနေတဲ့ လီလီဂျိမ်းစ်

မလှဘူးလို့များ ဘယ်သူက ငြင်းဆိုနိုင်မတဲ့လဲ။

play

 

မနေ့ညက လန်ဒန်မှာပြုလုပ်တဲ့ BFI ရုပ်ရှင်ဆုပေးပွဲကျင်းပတော့ မိုးတွေရွာနေခဲ့ပါတယ်။ တက်ရောက်လာတဲ့ အနုပညာရှင်အားလုံးကလည်း ထီးတွေကိုယ်စီနဲ့မို့ ရှိုးပဲ့ရတဲ့ အနေအထားမှာ လီလီဂျိမ်းစ်ကတော့ အလှမပျက်ခဲ့ပါဘူး။

play

 

ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ အနက်ရောင်လက်ပြတ်ဝတ်စုံလေးက သူမရဲ့ စိုပြေတဲ့အသားအရေနဲ့ လိုက်ဖက်လွန်းလှပါတယ်။ မိုးရေစက်တွေက လီလီဂျိမ်းစ်ရဲ့အလှကို ပိုလို့တောင် တောက်ပသွားစေတယ်ဆိုတာ ဘယ်သူကများ ငြင်းနိုင်မှာတဲ့လဲ။

play

 

စင်ဒရဲလားမင်းသမီးလေးဟာ အဆင့်အတန်းရှိရှိနဲ့ ထည်ဝါစွာ အလှကြီးလှနေပါတော့တယ်။

Photos : Getty

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ