play

 

အော်စကာဆုရှင် ဂျနီဖာလောရန့်စ်ဟာ Noah နဲ့ Black Swan တို့လို နာမည်ကြီး ဇာတ်ကားတွေကို ရိုက်ကူးနေတဲ့ ဒါရိုက်တာ ဒါရန်အာရိုနော့စကီနဲ့ တိတ်တဆိတ် တွဲနေပါတယ်။

play

 

ဂျနီဖာလောရန့်စ်ဟာ မနှစ်က အဆိုတော် ခရစ္စမာတင်နဲ့ ကွဲသွားပြီးတဲ့နောက် သူမထက် အသက် ၂၁ နှစ်ကြီးတဲ့ ဒါရိုက်တာနဲ့ ငြိသွားပါတယ်။

play

 

ဂျနီဖာနဲ့ ဒါရန်ဟာ ဒီနှစ်နွေရာသီမှာ အမည်မပေးရသေးတဲ့ ဇာတ်ကားတစ်ကားကိုလည်း အတူရိုက်ကူးခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ သူတို့ရဲ့ ရင်းနှီးမှုလွန်ကာ အချစ်ဇာတ်လမ်း စတင်ခဲ့တာ ဖြစ်ပါတယ်။

play

 

လော့ဆန်းဂျလိစ်မှာ နေထိုင်တဲ့ ဂျေလော်ဟာ ချစ်သူသစ်ရှိတဲ့ နယူးယော့ခ်ကို မကြာခဏသွားလည်နေတယ်လို့လည်း သိရပါတယ်။

သူတို့နှစ်ယောက်ဟာ အတူမရှိတဲ့အချိန်တွေမှာ တစ်ချိန်လုံး ဖုန်းအပြန်အလှန် ဆက်နေကြတယ်လို့လည်း သတင်းပေးတစ်ဦးက  ပြောခဲ့ပါတယ်။

Source &  Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video