International Celebrity: ကြည်ကြည်နူးနူး မြင်တွေ့ရတဲ့ မိုင်လီဆိုင်းရက်စ်နဲ့ လီယမ်ဟမ်းဆွက်သ်

သူတို့နှစ်ယောက် ပြန်တွဲပြီးနောက် ပထမဆုံးအကြိမ် ပွဲအတူတက်လာခြင်းပါ။

play

စေ့စပ်ပြီးနောက် ပြတ်သွားကြတဲ့ မိုင်လီဆိုင်းရက်စ်နဲ့ လီယမ်ဟမ်းဆွက်သ်တို့ဟာ ဇန်နဝါရီလမှာ ပြန်တွဲလိုက်ကြတဲ့နောက် ပထမဆုံးအကြိမ် ပွဲတက်လာကြတာကို မြင်တွေ့ရပါတယ်။

play

 

သူတို့ရဲ့အချစ်ရေးကို နောက်တစ်ကြိမ်ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာ ပိုပြီး အဆင်ပြေလာပုံရပါတယ်။

play

 

အောက်တိုဘာလ ၁၄ ရက်နေ့က အယ်လ်အေမှာ ပြုလုပ်တဲ့ Variety's Power of Women ပွဲကို အတူတက်လာတဲ့ သူတို့စုံတွဲကို ကြည့်ရတာ ချစ်ခြင်းတွေ အပြည့်အဝရှိနေကြပုံပါပဲ။

play

မိုင်လီရဲ့ဖုန်းနဲ့ နှစ်ယောက်အတူဆယ်လ်ဖီရိုက်ပြီး ပြုံးပျော်ရွှင်နေတာကိုလည်း တွေ့ရပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ