International Celebrity: ဗစ်တိုးရီးယားရဲ့အသားအရေလှပစေတဲ့ အစားအစာ

သူမကတော့ ဒါကို နေ့တိုင်းစားပါတယ်။

play

 

Spice Girls အဖွဲ့ဝင်ဟောင်း ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းဟာ သူမရဲ့အသားအရေ လှပအောင် နေ့စဉ်စားသုံးတဲ့အရာ ရှိပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားပါတယ်။

play

 

" ကျွန်မရဲ့အသားအရေက မကောင်းတော့ လော့စ်အန်ဂျလိစ်က အရေပြားအထူးကု ဒေါက်တာ ဟရိုးလ်လန်ဆာနဲ့တွေ့ခဲ့တယ်။ သူက ကျွန်မကို ဆယ်လ်မွန်ငါး နေ့တိုင်းစားဖို့အကြံပေးခဲ့တယ်လေ။ မနက်စာ၊ နေ့လယ်စာ ဒါမှမဟုတ် ညစာမှာပဲဖြစ်ဖြစ် ဆယ်လ်မွန်ကို နေ့စဉ်နေ့တိုင်း စားရမယ်လို့ ပြောခဲ့တယ်" လို့ ဗစ်တိုးရီးယားက ပြောပါတယ်။

play

 

ဆယ်လ်မွန်ငါးမှာ အိုမီဂါ -၃ ဖက်တီအက်ဆစ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ တို့ ပါဝင်လို့ အသားအရေကို စိုပြေစေနိုင်ပါတယ်။ ဆယ်လ်မွန်ငါး နေ့တိုင်းစားတဲ့အတွက် သူမရဲ့အသားအရေပြဿနာတွေ ပျောက်ကင်းသွားပြီး ယခုလို လှပနေရခြင်းဖြစ်တယ်လို့ The Edit မဂ္ဂဇင်းနဲ့ အင်တာဗျူးတုန်း ဗစ်တိုးရီးယားက ပြောပြသွားခဲ့ပါတယ်။

Source : Bazaar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ