AD
AD
AD
play

 

Super Junior အဖွဲ့သား ဒေါင်ဟေးဟာ မွေးနေ့မှာ စစ်မှုထမ်းနေရပေမဲ့ ပရိသတ်ကိုတော့ မမေ့မလျော့ အလေးထားဂရုစိုက်ပြသူပါ။ အောက်တိုဘာ ၁၅ ရက်မှာ ကျရောက်ခဲ့တဲ့ မွေးနေ့မှာလည်း ပရိသတ်အတွက် လက်ရေးမူနဲ့ စာတစ်စောင် ရေးကာ အင်စတာဂရမ်ပေါ် တင်ခဲ့ပါတယ်။

play

 

ယခုဆို စစ်မှုထမ်းတာ ၁ နှစ်ပြည့်ပြီဖြစ်လို့ မကြာခင်ပြန်လာမယ့်အကြောင်းနဲ့ ပရိသတ်တွေကို ပြန်တွေ့ရမယ့်အချိန်ကို စိတ်လှုပ်ရှားနေမိတယ်လို့ စာမှာ ဖော်ပြထားပါတယ်။ စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ခါစမှာ ခက်ခဲခဲ့ပေမဲ့ အခုတော့ ကောင်းကောင်းလုပ်နေနိုင်ပါပြီလို့လည်း ဆိုပါတယ်။ ပရိသတ်တွေပေးတဲ့အချစ်တွေကြောင့် ယခုလို တာဝန်ကို ကောင်းကောင်းမွန်မွန်းထမ်းဆောင်နိုင်တာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ ပရိသတ်တွေကို ဂရုစိုက်တတ်တဲ့ ဒေါင်ဟေးက နေမကောင်းမဖြစ်ကြပါနဲ့နော်လို့လည်း ချစ်စဖွယ်မှာကြားခဲ့ပါသေးတယ်။

Source : Lee Donghae Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD