International Celebrity: လန်ဒန်မှာနေဖို့ ဒေါ်လာ တစ်သိန်းသုံးသောင်းကျော်တန် အိမ်ငှားလိုက်တဲ့ ဂျက်စတင်ဘီဘာ

လော့ဆန်းဂျလိစ်နဲ့ လန်ဒန်ကို တစ်လှည့်စီ နေထိုင်ဖို့ စီစဉ်ထားပါတယ်။

play

 

ပန်းခြံကျယ်ကြီးတွေပါဝင်တဲ့ တိုက်အိမ်ကြီးတွေဟာ သူဌေးကြီးတွေ၊ နိုင်ငံခြားသံတမန်တွေနဲ့ အထက်တန်းလွှာတွေ နေထိုင်တဲ့အိမ်ဖြစ်ပါတယ်။

play

 

အဲဒီလိုလူမျိုးတွေ နေထိုင်တဲ့ North London လမ်းကို ပြောင်းရွှေ့နေထိုင်မယ့်သူကတော့ ကနေဒီယန်ပေါ့စတား ဂျက်စတင်ဘီဘာ ဖြစ်ပါတယ်။

play

 

ဂျက်စတင်ဘီဘာဟာ အိပ်ခန်း ၁၅ ခန်းပါတဲ့ ခြံဝင်းပါအိမ်ကြီးကို တစ်လ ဒေါ်လာ တစ်သိန်းသုံးသောင်းကျော်နဲ့ ငှားရမ်းလိုက်ပြီဖြစ်ပါတယ်။

play

 

အသက် ၂၂ နှစ်အရွယ် အဆိုတော်လေးဟာ လော့ဆန်းဂျလိစ်နဲ့ လန်ဒန်မှာ တစ်လှည့်စီ နေထိုင်သွားဖို့ စီစဉ်ထားပါတယ်။

play

 

"ဒီအိမ်ဟာ လန်ဒန်မြို့ရဲ့ အခမ်းနားဆုံးအိမ်ကြီးတစ်လံး ဖြစ်ပါတယ်။ အိမ်တွင်းရေကူးကန်တစ်ကန်၊ အိမ်ပြင်တစ်ကန်၊ Spa တစ်ခု၊ တန်းနစ်ကစားကွင်းတစ်ခု၊ ရုပ်ရှင်ရုံလေးတစ်ရုံနဲ့ ဝိုင်သိုလှောင်ခန်းတွေ အပါအဝင် နောက်ဆုံးပေါ်ပစ္စည်းတွေချည်းပဲ ထည့်ထားပါတယ်" လို့ နာမည်ကျော် အိမ်ခြံမြေအကျိုးဆောင် Knight France က အေရီရန့်ဒ်က ပြောပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ