AD
AD
AD
play

 

လေဒီဂါဂါဟာ သူမရဲ့ သီချင်းအယ်လ်ဘမ်သစ် Joanne အတွက် အသင့်ပြင်နေပါပြီ။

ဒါပေမဲ့လည်း သူမရဲ့ စိတ်ဒဏ်ရာတွေကို တွေးမိနေတဲ့အချိန်မှာ အလုပ်လုပ်ရတာ ခက်ခဲတယ်လို့ လေဒီဂါဂါက ရှင်းပြခဲ့ပါတယ်။

play

 

"တစ်ခါတလေမှာ ကျွန်မရဲ့စိတ်ဒဏ်ရာနဲ့ ကျွန်မ ပိတ်မိသွားတယ်" လို့ အသက် ၃၀ အရွယ် ပေါ့ပ်အဆိုကျော် လေဒီဂါဂါက The New York Times နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

play

 

"အပျက်သဘောဆောင်တဲ့ အတွေးတွေက ချာချာလည်နေပြီး ခေါင်းထဲမှာ သီချင်းသံနဲပအတူ ဆူညံသံတွေနဲ့ အနှောက်အယှက်တွေ ကြားနေရတယ်။ သီချင်းဖန်တီးချိန်မှာ အစိတ်အပိုင်းအားလုံးကို ကျွန်မကြားရတယ်။ တူရိယာသံအားလုံးလည်း ကြားတယ်။ ဘာဖြစ်သင့်တယ်ဆိုတာကိုလည်း ကျွန်မ ကြားနိုင်တယ်" လို့ လေဒီဂါဂါက ပြောပြခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD