International Celebrity: ပုတီးကိုင်ပြီး ဆက်စီဆယ်လ်ဖီပုံတင်လိုက်တဲ့ လင်ဆေးလိုဟန်

လက်မှာ ပတ်တီးကြီးစည်းထားရပေမဲ့ သူမကတော့ အေးဆေးပါပဲ။

play

 

အသက် ၃၀ နှစ်အရွယ် မင်းသမီးလေးဟာ မကြာသေးခင်ကမှ လက်ချောင်းပြတ်ထွက်သွားလို့ ပြန်ဆက်ထားရပေမဲ့ သိပ်ပြီး ပူပင်နေတတ်သူ မဟုတ်ပါဘူး။

လင်ဆေးလိုဟန်ဟာ လက်သူကြွယ်မှာ ပတ်တီးကြီးစီးလျက်နဲ့ မှန်ရှေ့မှာ ရပ်လို့ ဆက်စီကျလှတဲ့ ဆယ်လ်ဖီဓာတ်ပုံတစ်ပုံကို ရိုက်ကူးခဲ့ပါတယ်။

play

 

သူမဟာ သင်္ဘောကျောက်ဆူးနဲ့ ထိခိုက်ပြီး ပြတ်ထွက်သွားခဲ့တဲ့ လက်သူကြွယ်ရှိရာ ညာဘက်လက်မှာ ပုတီးတစ်ကုံးကိုလည်း ကိုင်ထားပါသေးတယ်။

ဘယ်ဘက်လက်မှာတော့ သူမနဲ့ စေ့စပ်ပြီးမှ ပြတ်သွားတဲ့ ချစ်သူဟောင်း အက်ဂါတာရာဘက်ဆော့ဗ်က ပေးထားတဲ့ မြလက်စွပ်ကြီးကို စွပ်ထားပါတယ်။

play
ရည်းစားသစ်နဲ့အတူတွေ့ရတဲ့ လင်ဆေးလိုဟန်

 

လင်ဆေးလိုဟန်ဟာ အက်ဂါနဲ့ ရန်အကြီးအကျယ်ဖြစ်ကာ ပြတ်သွားခဲ့ပြီး စားသောက်ဆိုင်ပိုင်ရှင် ဒန်းနစ်ပါပါဂျော်ဂျီယူနဲ့လည်း ချစ်သူတွေဖြစ်နေပါတယ်။

play

 

ဒါပေမဲ့ သူမက ခင်ပွန်းဟောင်းက ပေးထားတဲ့ လက်စွပ်ကို ပြန်စွပ်လိုက်တဲ့အတွက် သူမရဲ့အချစ်ရေးကို ဘယ်သူမှ မခန့်မှန်းတတ်အောင် ဖြစ်နေပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ