International Celebrity: သရုပ်ဆောင်အလုပ်ကို လုပ်ချင်တယ်လို့ ရှနီနာရှေး ဖွင့်ဟပြောဆို

တွမ်ခရုစ်နဲ့အတူ အက်ရှင်ကားတစ်ကားမှာ သရုပ်ဆောင်နေပါတယ်။

play

 

Victoria's Secret မော်ဒယ် ရှနီနာရှေးက သူမရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို သရုပ်ဆောင်အဖြစ်နဲ့ လုပ်သွားချင်ပါတယ်လို့ ဖွင့်ဟပြောလိုက်ပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ် သြစတြေးလျမော်ဒယ်လေးက လက်ရှိမှာလည်း Mummy ဇာတ်ကားမှာ တွမ်ခရုစ်၊ ရပ်ဆဲလ်ခရိုးတို့နဲ့ အတူ သရုပ်ဆောင်နေသူပါ။ မော်ဒယ်အလုပ်ကိုချည်း တစ်သက်လုံး လုပ်မသွားချင်ဘူးလို့ ဆိုပါတယ်။

play

 

Mummy ဇာတ်ကားမှာ ပါဝင်ရတဲ့နေရာက အရမ်းကိုသေးငယ်ပေမယ့်လည်း ဒီလိုကားမျိုးမှာ ပါဝင်ရလို့ စိတ်လှုပ်ရှားမိတယ်လို့လည်း ပြောပါတယ်။ ဒီဇာတ်ကားက အက်ရှင်ကားဖြစ်တာကြောင့် နောက်ဆို အက်ရှင်ကားတွေ ပိုရိုက်နိုင်ဖို့ကိုလည်း သူမက မျှော်မှန်းထားပါသတဲ့။

Source : InStyle

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ