International Celebrity: ခေါင်းထဲမှာ ကလေးအကြောင်းပဲ စဉ်းစားနေမိတယ်လို့ ကေတီပယ်ရီပြော

အော်လန်ဒိုဘလွန်းနဲ့ တွဲနေတာ တစ်နှစ်လောက် ရှိနေကြပါပြီ။

play

 

အဆိုတော် ကေတီပယ်ရီက သူမရဲ့ဘဝထဲမှာ ကလေးတွေက အာရုံစိုက်စရာဖြစ်လာပြီလို့ အတည်ပြုဝန်ခံခဲ့ပါတယ်။

ပိတ်ရက်တုန်းက လော့စ်အန်ဂျလိစ်မြို့ ကလေးဆေးရုံမှာပြုလုပ်တဲ့ ရန်ပုံငွေပွဲတစ်ခုကို တက်ရောက်လာရင်း ပြောသွားခဲ့တာပါ။ " ကလေးတွေက ကျွန်မအတွက် ကြီးမားတဲ့ အာရုံစိုက်စရာဖြစ်လာနေတယ်။ ကျွန်မမှာ ကိုယ်ပိုင်ကလေးတော့မရှိပေမဲ့ ကျွန်မအစ်မရဲ့ကလေးတွေကိုကြည့်ပြီး သူတို့ကိုဘယ်လောက်တောင် ကျွေးမွေးပြုစုစောင့်ရှောက်ရတယ်၊ သူတို့အတွက် အချစ်တွေ ဘယ်လောက်လိုအပ်တယ်ဆိုတာ တွေ့ခဲ့ရတယ်" လို့ ကေတီပယ်ရီက ဆိုပါတယ်။

play

 

အော်လန်ဒိုဘလွန်းနဲ့ တွဲနေတဲ့ ကေတီဟာ မကြာခင် ကလေးယူတော့မလားဆိုတာလည်း စိတ်ဝင်စားစရာကောင်းလာပါတယ်။ သူတို့နှစ်ဦး တွဲနေကြတာလည်း တစ်နှစ်လောက်ရှိတာကြောင့်  နောက်ထပ် ခြေလှမ်းသစ်အနေနဲ့ လက်ထပ်ကြတော့မယ်လို့တော့ လူတွေက ခန့်မှန်းနေကြပြန်ပါတယ်။

Source : E!

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ