play

 

ဂျက်စတင်ဘီဘာကို ချစ်လွန်းကြတဲ့ ပရိသတ်တွေဟာ Beliebers လို့ နာမည်ပေးခံရလောက်အောင်အထိ သူ့အပေါ် အမြဲအားပေးခဲ့ကြသူတွေပါ။

play

 

ဒါပေမဲ့ အင်္ဂလန်နိုင်ငံ၊ ဘာမင်ဟန်မြို့မှာ အောက်တိုဘာလ ၁၇ ရက်ညက ရှိုးပွဲမှာ ဂျက်စတင်ဘီဘာတောင် သူ့ပရိသတ်ရဲ့ အကဲပိုမှုကို စိတ်အနှောင့်အယှက် ဖြစ်လာပုံပါပဲ။

play

 

အသက် ၂၂ နှစ်အရွယ် ပေါ့ပ်စတား ဂျေဘီဟာ စတိတ်စင်ပေါ်မှာ သူစကားပြောနေချိန်မှာတောင် အော်ဟစ်နေတဲ့ လူအုပ်ကြီးကို တော်တော်ဆိုးရွားတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

play

 

သူစကားပြောနေချိန်နဲ့ သီချင်းဆိုချိန်မှာ မအော်ဟစ်ကြဖို့ တောင်းဆိုခဲ့ရပါတယ်။

"ကျွန်တော်စကားပြောနေချိန်မှာ အသံကုန်ဟစ်ပြီး မအော်ဘဲနေလို့မရဘူးလား။ အဲဒါ ခင်ဗျားတို့အတွက် အဆင်ပြေလို့လား။ အော်ဟစ်နေတာ ဆိုးရွားလွန်းတယ်" လို့ ဂျေဘီက ပြောခဲ့ပါတယ်။

play

 

သူ့စကားကို သေချာမှတ်မိစေဖို့အတွက် "သီချင်းပြီးမှ အော်မယ်ဆိုရင်ရော။ သီချင်းတွေကို နားထောင်ပါ ပြီးရင် အော်ပါ။ အော်တာကောင်းပါတယ်။ အော်ဟစ်တာ ပျော်စရာပါ" လို့ ဂျက်စတင်ဘီဘာက ထပ်ပြောခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video