International Celebrity: ဖုန်းပြောရင်း စကိတ်စီးနေတဲ့ ဘရွတ်ကလင်းဘက်ခမ်း

, updated

ဘရွတ်ကလင်းဟာ သွားလေရာကို သူ့ရဲ့စကိတ်ဘုတ် အမြဲယူသွားသူပါ။

play

 

စကိတ်စီးဝါသနာပါတဲ့ ဘရွတ်ကလင်းဟာ အခုတော့ အရမ်းကို ကျွမ်းကျင်နေပုံပါပဲ။ သူဟာ ဖုန်းပြောရင်းနဲ့ စကိတ်ဘုတ်ပေါ်ကို တက်စီးလိုက်တာကို မြင်ရပါတယ်။

play

 

အောက်တိုဘာလ ၁၈ ရက်နေ့မှာ ရွက်ကြွေလေးတွေ ပြန့်ကျဲနေတဲ့ လန်ဒန်ရဲ့လမ်းမတွေပေါ်မှာ အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်းဟာ အပန်းမကြီးဘဲ အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်းလုပ်နိုင်ပုံကို ပြသခဲ့ပါတယ်။

play

 

ဘရွတ်ကလင်းဟာ စကိတ်ဘုတ်ပေါ်မှာ ဟန်ချက်ညီညီရပ်နိုင်သလို ဖုန်းကို လက်တစ်ဖက်ကိုင်လို့ စကားပြောနေပုံက တကယ့်ကို အထာကျ ကြည့်ကောင်းလှပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ