International Celebrity: အလုပ်အတွက် သင်ယူလေ့လာနေဆဲပါဆိုတဲ့ ဂျီဂျီဟက်ဒီး

, updated

မိခင်ကပေးတဲ့ အကြံကိုလည်း လိုက်နာကျင့်သုံးနေသူပါ။

play

 

ကမ္ဘာကျော်မော်ဒယ်ဖြစ်နေသည့်တိုင်အောင် ဂျီဂျီဟက်ဒီးအတွက် သင်ယူလေ့လာစရာတွေ ရှိနေဆဲပါပဲ။ W မဂ္ဂဇင်းအတွက် အင်တာဗျူးဖြေကြားရာမှာ သူမရဲ့ပြေးလမ်းအတွက် သင်ယူနေတုန်းပဲဆိုပြီး ပြောသွားခဲ့လို့ဖြစ်ပါတယ်။

play

 

" ကျွန်မက ပြေးလမ်းထက်မှာ အကောင်းဆုံးမဟုတ်ဘူးဆိုတာ အသိသာကြီးပါ" လို့ ဂျီဂျီက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဝန်ခံသွားတာပါ။

play

 

သူမရဲ့မိခင် ယိုလန်ဒါဟက်ဒီးကလည်း ဂျီဂျီကို အကောင်းဆုံးသင်ပြပေးခဲ့ပါတယ်။ အလုပ်တစ်ခုကိုစမယ်ဆိုတာနဲ့ အလုပ်ကြိုးစားဆုံးလူဖြစ်ရမယ်၊ နှစ်လိုဖွယ်အကောင်းဆုံးဖြစ်မှသာ အခြားလူတွေထက် သာမှာဖြစ်ကြောင်း အကြံပေးခဲ့တာဟာ အကောင်းဆုံးအကြံဉာဏ်ပါပဲလို့လည်း ဂျီဂျီက ပြောပါတယ်။

Source : Just Jared

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ