International Celebrity: မြန်မာငွေကျပ် သိန်းတစ်ထောင်ကျော် ပေးဝယ်မယ့်သူရှိနေတဲ့ ဂျက်စတင်ဘီဘာရဲ့နွားနို့ခွက်

ဒီထက်ပိုပေးနိုင်သူတွေလည်း ပေါ်လာနိုင်ပါတယ်။

play

 

အင်္ဂလန်က အက်စစ်ကောင်တီမှာ ပြီးခဲ့တဲ့သောကြာနေ့က ဂျက်စတင်ဘီဘာ နွားနို့သောက်ခဲ့တဲ့ ဖန်ခွက်ဟာ အခုဆိုရင် eBay မှာ ပေါင် ၆၆,၀၀၀ (မြန်မာငွေ သိန်းတစ်ထောင်ကျော်) တောင် ပေးဝယ်မယ့်သူ ရှိနေပါပြီ။

အသက် ၂၂ နှစ်အရွယ် ဂျေဘီက ဆာမွန်ငါး၊ အာလူးပြုတ်ထောင်းနဲ့ နွားနို့သောက်ဖို့ The Kings Oak Hotel ကို ခဏဝင်ခဲ့လိုက်တာ အေမီပေါ်တာကို အရမ်းချမ်းသာအောင် လုပ်ပေးလိုက်သလို ဖြစ်သွားပါတယ်။

play

 

ယင်းဆိုင်ရဲ့ လက်ထောက်မန်နေဂျာဖြစ်တဲ့ အေမီဟာ eBay မှာ အဲဒီဖန်ခွက်ကို အောက်တိုဘာလ ၁၅ ရက်က လေလံတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ပေါင် ၆၅,၉၀၀ အထိ ပေးမယ့်သူ ရှိနေကာ နောက်ထပ် နှစ်ရက် လေလံတင်ထားဦးမှာပါ။

play

 

"ဂျက်စတင်ဘီဘာ မနေ့က ညစာလာစားတဲ့ The Kings Oak Hotel မှာ ကျွန်မ အလုပ်လုပ်ပါတယ်။ သူသောက်ခဲ့တဲ့ နွားနို့ခွက်ကို သိမ်းထားတယ်။ ရေလည်း မဆေးရသေးပါဘူး" လို့ ရေးသားပြီး လေလံတင်လိုက်တာ ဖြစ်ပါတယ်။

play

 

ဂျက်စတင်ဘီဘာနဲ့ စကားလက်စုံကျခဲ့ပြီး ဂျေဘီကို သဘောကျခဲ့ကြတဲ့ ဆိုင်ဝန်ထမ်းတွေဟာ ဂျေဘီသောက်ခဲ့တဲ့ နွားနို့ခွက်ကို eBay မှာ အပျော်သဘောတင်ပြီး ဘာဖြစ်လာမလဲဆိုတာ ကြည့်ချင်ရုံသက်သာ လုပ်ခဲ့မိတာလို့ ဆိုပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ