International Celebrity: ခိုင်လီဂျန်နာအတွက် သုံးခဲ့တဲ့ ငွေပမာဏကို မဖြေချင်ခဲ့တဲ့ တိုင်ဂါ

တရားရုံးက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

play

 

တိုင်ဂါဟာ သူ့ရဲ့ချစ်သူ ခိုင်လီဂျန်နာအတွက် ငွေဘယ်လောက် သုံးခဲ့သလဲလို့ အောက်တိုဘာလ ၁၈ ရက်နေ့က  တရာရုံးမှာ မေးမြန်းခံရစဉ် လုံးဝ ခေါင်းငိုက်စိုက်ကျသွားခဲ့ပါတယ်။

နာမည်ကြီး ရတနာဆိုင် Jason of Beverly Hills က တိုင်ဂါဝယ်ယူထားတဲ့ စိန်မြှုပ်နာရီနဲ့ ဆွဲကြိုးအတွက် ငွေဘယ်လိုပေးနိုင်မလဲဆိုတာကို သိရဖို့အတွက် တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။

play

 

ယင်းရတနာဆိုင်ရဲ့ရှေ့နေ အလက်ဇန္ဒားကိုဟမ်က ခိုင်လီဂျန်နာရဲ့ရည်းစား ရက်ပါ တိုင်ဂါကို သူ့ရဲ့ပိုင်ဆိုင်မှုနဲ့ ဝင်ငွေတွေအကြောင်း စတင်မေးမြန်းခဲ့ပါတယ်။

play

 

တိုင်ဂါဟာ ခိုင်လီဂျန်နာအကြောင်း မရောက်ခင်အထိ သူ့ရဲ့ငွေကြေးနဲ့ ပတ်သက်တဲ့ မေးခွန်းအားလုံးကို ကောင်းကောင်း ဖြေနိုင်ခဲ့တယ်လို့ TMZ သတင်းဌာနကဆိုပါတယ်။

ရည်းစား ခိုင်လီဂျန်နာအတွက် လက်ဆောင်တွေ ဝယ်ပေးဖို့ ငွေဘယ်လောက်အထိ သုံးခဲ့လဲလို့ မေးခံရချိန်မှာတော့ တိုင်ဂါက နေမကောင်းကြောင်းနဲ့ မေ့သွားပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။

play

 

ကြားနာမှုကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ဆက်လက်ပြုလုပ်ဖို့ ပြန်စီစဉ်လိုက်ပြီး အဲဒီနေ့မှာလည်း ခိုင်လီဂျန်နာလည်း လာရောက်ကာ သူမကိုမေးမယ့်မေးခွန်းတွေကို ဖြေကြားမှာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ