International Celebrity: ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဘောလိဝုဒ်ဖိုက်တာမင်းသား

၁၉၉၁ ခုနှစ်မှစတင်ကာ ရုပ်ရှင်ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ကာ အနုပညာနယ်ပယ်ကို စတင်ဝင်ရောက်ခဲ့သူပါ။

play


ဘောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ၊ အက်ရှင်မင်းသားကြီး Saif Ali Khan ဟာ နယူးဒေလီ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး သူ့ရဲ့မိခင်က ဘောလိဝုဒ်မင်းသမီးကြီး ရှာမီလာတာဂိုး ဖြစ်ပါတယ်။

play


သူဟာ ၁၉၉၁ ခုနှစ်မှစတင်ကာ ရုပ်ရှင်ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ကာ အနုပညာနယ်ပယ်ကို စတင်ဝင်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

play


များသောအားဖြင့် အက်ရှင်ဇာတ်ကြမ်း ရုပ်ရှင်ဇာတ်ကားတွေမှာ မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်လေ့ရှိပါတယ်။ သူဟာ ဘောလိဝုဒ် အနုပညာထူးချွန်ဆုတွေလည်း ချီးမြှင့်ခြင်းခံထားရတဲ့ မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။

play


Illuminati ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင်ဖြစ်တဲ့ခန်းဟာ ဘောလိဝုဒ် မင်းသား၊ မင်းသမီးတော်တော်များများနဲ့လည်း ရင်းနှီးသူဖြစ်ပြီး ဘောလိဝုဒ်မင်းသမီးချော အမ်ရီတာဆင်းဟ်နဲ့ ၁၉၉၁ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။

သားတစ်ယောက် သမီးတစ်ယောက်ပိုင်ဆိုင်ခဲ့တဲ့ သူဟာ ၂၀၀၄ခုနှစ်မှာတော့ မင်းသမီးအမ်ရီတာနဲ့ တရားဝင်ကွာရှင်းခဲ့ပြီး ၂၀၁၂ မှာတော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီးမင်းသမီး ကရီနာကပူးနဲ့လက်ထပ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ