International Celebrity: ပထမဆုံးအနမ်းအကြောင်း ပြောပြခဲ့တဲ့ ဂျီဂျီဟက်ဒီး

အသက် ၁၄ နှစ်အရွယ်လောက်ကလို့ ဆိုပါတယ်။

play

 

W မဂ္ဂဇင်းရဲ့အင်တာဗျူးမှာ ဂျီဂျီဟက်ဒီးက သူမရဲ့ ပထမဆုံးအနမ်းအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာပါ။

"အဲဒီတုန်းက  ကျွန်မအသက်က ၁၄-၁၅ လောက်ပေါ့။ နှစ်ယောက်စလုံးက သွားမှာ ကြိုးတွေ တပ်ထားတယ်။ တော်တော်လေး ဆိုးရွားပါတယ်။ သတ္တုသံတွေ ထွက်တာမှ အရမ်းပဲ" လို့ သူမက ဆိုပါတယ်။

play

 

ဂျီဂျီဟက်ဒီးဟာ သူမ ကြိတ်ပြီးသဘောကျမိတဲ့ မိန်းကလေးတွေလည်း  ရှိကြောင်း ပြောပါတယ်။

"ကျွန်မ သဘောကျတဲ့ မိန်းကလေးတွေက အများကြီးပဲ။ ဒါပေမဲ့ ရီဟားနားကို အကြိုက်ဆုံးလို့ထင်တယ်" လို့ သူမက ပြောပါတယ်။

ဒါပေမဲ့ အင်တာဗျူးမေးမြန်းသူက လူတိုင်းက ရီဟားနားလို့ပဲ ပြောကြတာပဲလို့ ပြောလိုက်ချိန်မှာတော့ သူမက ဘီယွန်းဆေးလို့ ပြောင်းပြောပါတယ်။

play

 

"လူပုဂ္ဂိုလ်အနေနဲ့ပြောရရင် သူက အေးဆေးတယ်၊ ရှက်တတ်တယ်၊ အိနြေ္ဒရတယ်၊ ချောတယ်၊ တည်ငြိမ်တယ်" လို့ ဘီယွန်းဆေးကို သဘောကျရတဲ့အကြောင်းရင်းကို ဂျီဂျီက ရှင်းပြခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ