International Celebrity: ဝင်နီဟာလိုးနဲ့ ကြိုက်နေတာမဟုတ်ကြောင်း လူးဝစ်ဟမ်မင်တန်ငြင်းဆို

နစ်ကိုးရှာဂါကလည်း ရည်းစားသစ် ရသွားပါပြီ။

play

 

ဖော်မြူလာဝမ်း ပြိုင်ကားမောင်းချန်ပီယံ လူးဝစ်ဟမ်မင်တန်က သတင်းတွေထွက်နေတဲ့ မော်ဒယ်မလေးနဲ့လည်း အတည်မဟုတ်ဘူးလို့ ငြင်းလိုက်ပြန်ပါပြီ။

play

 

မိန်းကလေးတွေကြားမှာ ရေပန်းစားတဲ့ လူးဝစ်က တက်သစ်စမော်ဒယ် ဝင်နီဟာလိုးကို ကလပ်ကအပြန် ကားပေါ်တင်ခေါ်သွားပြီးနောက် သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့တာပါ။

play

 

မနေ့ညက ပြုလုပ်ခဲ့တဲ့ The Ellen DeGeneres show မှာ အယ်လန်ရဲ့ မေးခွန်းတွေကို ဖြေကြားရင်း ဝင်နီနဲ့သတင်းကို ငြင်းသွားခဲ့တာဖြစ်ပါတယ်။ ရှစ်နှစ်ကြာ အချစ်ရေးတစ်ခုကို ဖြတ်သန်းခဲ့ပြီးဖြစ်တာကြောင့် လက်ရှိမှာ အချစ်ရေးကို စိတ်မဝင်စားဘဲ ဖော်မြူလာဝမ်းချန်ပီယံဖြစ်ဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ လူးဝစ်ဟမ်မင်တန်က ပြောသွားခဲ့ပါတယ်။

Source : The Ellen DeGeneres

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ