International Celebrity: ဟီလာရီရဲ့ဓာတ်ပုံပါတဲ့ တီရှပ်ကို ဝတ်လိုက်တဲ့ ရီဟားနား

ရီဟားနားကလည်း ဟီလာရီကလင်တန်ဘက်က ဖြစ်ကြောင်း ပြသလိုက်ပါတယ်။

play

 

အသက် ၂၈ နှစ်အရွယ် အဆိုတော်မလေးဟာ ဟီလာရီကလင်တန်ရဲ့ ဓာတ်ပုံပါတဲ့ တီရှပ်အင်္ကျီကို နယူးယော့ခ်စီးတီးမှာ ဝတ်ဆင်ခဲ့ပြီး ဟီလာရီကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

play

 

တီရှပ်ကို ဂျင်းဘောင်းဘီတို၊ Timberland ဘွတ်ဖိနပ်တို့နဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ ရီဟားနားရဲ့ပုံစံက စတိုင်ကျနေတုန်းပါပဲ။

play

 

သူမရဲ့လက်ထဲမှာတော့ သေတ္တာပုံစံ Louis Vuitton အိတ်လေးကို ကိုင်ထားပြီး ဒီလအစောပိုင်းမှာ ဆံပင်ကို ကျစ်ဆံမြီးသေးသေးလေးတွေ ကျစ်ထားခဲ့ပေမဲ့ အခုတော့ သဘာဝအတိုင်းလေး ချထားတာကို တွေ့ရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ