AD
AD
AD
play

 

အသက် ၁၉ နှစ်အရွယ် မင်းသမီးလေး ဘယ်လာသွန်းက သူမရဲ့ချစ်သူ တိုင်လာပိုစီနဲ့အတူ တစ်အိုးတစ်အိမ် ထူထောင်လိုက်ပါပြီ။ တိုင်လာနဲ့ သွန်းတို့ တရားဝင်တွဲတာတော့ တစ်လပဲရှိပါသေးတယ်။

play

 

သွန်းရဲ့ချစ်သူ တိုင်လာ ဝယ်ယူထားခဲ့တဲ့ လော့စ်အန်ဂျလိစ်မြို့အနီးက စတူဒီယိုစီးတီးမှာ ဒေါ်လာ ၁.၃၂ သန်းတန် အိမ်ကိုပြောင်းရွှေ့နေထိုင်လိုက်ကြတယ်လို့ InTouch က ရေးသားထားပါတယ်။ အိပ်ခန်း ၃ ခန်းနဲ့ ရေကူးကန်ပါဝင်တဲ့ ချစ်စရာအိမ်လေးက လူငယ်စုံတွဲအတွက်တော့ ပျော်ရွှင်စရာကောင်းမှာ သေချာပါတယ်။

play

 

ဘယ်လာသွန်းအတွက် ဒါဟာ အဆန်းတကြယ်တော့လည်းမဟုတ်ပါဘူး။ အရင်ရည်းစား ဂျရက်နဲ့လည်း တစ်အိမ်တည်း နေခဲ့ကြတာပါ။ သြဂုတ်လမှာ ဂျရက်နဲ့ကွဲကြောင်း ဘယ်လာသွန်းက ထုတ်ပြောလိုက်ပြီး စက်တင်ဘာမှာတော့ တိုင်လာပိုစီနဲ့ ချစ်သွားပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။

Source : InTouch

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD