International Celebrity: နာမည်ကျော် ဟာသမင်းသားကြီး စတိဗ်

ဟာသနဲ့ ဒရာမာဇာတ်ရုပ်တွေနဲ့ လိုက်ဖက်မှုရှိလှတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။

play


အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူ ဒါရိုက်တာနဲ့ ဟာသမင်းသားကြီး Steve Carell ဟာ Concord, Massachusetts မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ၁၉၉၁ ခုနှစ်မှစတင်ကာ အနုပညာလောကကို ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

play


၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Evan Almighty ဟာသဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ကြီး လူသိများလာခဲ့ပါတယ်။ သူဟာ The Office ရုပ်ရှင်ဇာတ်လမ်းတွဲနဲ့လည်း နာမည်ရခဲ့သူ ဖြစ်ပါတယ်။

play


များသောအားဖြင့် ဟာသနဲ့ ဒရာမာဇာတ်ရုပ်တွေနဲ့လိုက်ဖက်မှုရှိတဲ့ စတိဗ်ဟာ The 40-Year-Old-Virgin, Date Night, Dinner for Schmucks, Crazy,Stupid,Love, Seeking a Friend for the End of the World, Foxcatcher, The Big Short ရုပ်ရှင်ဇာတ်ကားတွေနဲ့လည်း နာမည်ကြီးပါတယ်။

play


နာမည်ကြီး Animation ကာတွန်းဖြစ်တဲ့ Despicable Me ဇာတ်ကားတွေမှာလည်း Gru ဆိုတဲ့ လူကြီးအဖြစ် အသံဖြင့် ပါဝင်သရုပ်ဆောင်လေ့ရှိပါတယ်။

play


Saturday Night Live အစီအစဉ်မှာ ပါဝင်တဲ့ နန်စီနဲ့ ၁၉၉၅ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားသမီးနှစ်ယောက် ပိုင်ဆိုင်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ