International Celebrity: ကင်မ်ကာဒါရှီယန်ရဲ့ ဆက်စီအကျဆုံး ဖက်ရှင်များ

ဒီနေ့ (၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်) ဟာ ကင်မ်ကာဒါရှီယန်ရဲ့ အသက် ၃၆ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။

play

 

ကင်မ်ကာဒါရှီယန်က ဆက်စီအမြဲကျတဲ့သူဆိုတာ ပြောစရာလိုမယ် မထင်ပါဘူး။ ဒီနေ့ (အောက်တိုဘာလ ၂၁ ရက်)ဟာ သူမရဲ့ မွေးနေ့ဖြစ်တဲ့အတွက် သူမရဲ့ ဆက်စီအကျဆုံး ဖက်ရှင်အချို့ကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

play

 

ကင်မ်ဟာ တင်ပါးအလှဆုံးအမျိုးသမီးဘွဲ့ကို ဂျနီဖာလိုပက်စ်ဆီက လွှဲယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

play

 

သီချင်းရေးဆရာ ဒိမ်မွန်သောမက်စ်နဲ့ ဘတ်စကက်ဘောကစားသမား ခရစ္စဟမ်ဖီးစ်တို့နဲ့ အိမ်ထောင်ကျဖူးတဲ့ ကင်မ်အတွက် လက်ရှိခင်ပွန်းသည် ရက်ပါ ကာညေးဝက်စ်က သူမရဲ့ တတိယအိမ်ထောင်ဖြစ်ပါတယ်။

play

 

ကင်မ်ဟာ အသက် ၃၆ နှစ်အရွယ်ဖြစ်တဲ့အပြင် ဒီနှစ်အစောပိုင်းမှာ ဒုတိယမြောက် ရင်သွေးလေးကို မွေးဖွားခဲ့ပေမဲ့ အရင်ထက် ပိုလှတဲ့ ကိုယ်လုံးရအောင် ကြိုးစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

play

 

မကြာသေးမီက ပါရီမြို့မှာ ဓားပြတိုက်ခံခဲ့ရပြီးနောက် ကင်မ်ဟာ အခုထိ ဆိုရှယ်မီဒီယာကို မသုံးသလို အရင်လို လူကြားထဲ ပေါ်ပေါ်ထင်ထင် မထွက်တော့ပါဘူး။

play

 

ယင်းဖြစ်ရပ်ဖြစ်ပြီးနောက် တုန်လှုပ်ခြောက်ခြားသွားတဲ့ ကင်မ်ဟာ လက်စ်ဗေးဂက်စ်မှာ ကျင်းပမယ့် မွေးနေ့ရှိုးပွဲကိုလည်း ဖျက်ခဲ့ပြီး မွေးနေ့ပွဲကျင်းပမယ့် အစီအစဉ်ရှိတယ်လို့လည်း အခုထိ မကြားရသေးပါဘူး။

play

 

အဲဒီဖြစ်ရပ်သာ မရှိခဲ့ရင် သူမရဲ့မွေးနေ့မှာ အထူးစပယ်ရှယ်ပြင်ဆင်လာမယ့် ကင်မ်ကာဒါရှီယန်ကို မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

play

 

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ