International Celebrity: ကွာရှင်းပြီးနောက် ချယ်ရီ့ဆီက လက်စွပ် ပြန်လိုချင်နေတဲ့ ဂျင်းဘန်နာ့ဒ်

သူတို့ရဲ့ကွာရှင်းမှုက မနေ့ (အောက်တိုဘာလ ၂၀ ရက်) က ပြီးစီးသွားခဲ့ပါတယ်။

play

 

ခင်ပွန်းဖြစ်သူရဲ့ အဓိပ္ပာယ်မရှိတဲ့ အပြုအမူများကြောင့် သူမမှာ စိတ်ဖိစီးမှုရကာ တဖြည်းဖြည်း ပိန်ကျသွားခဲ့ရတယ်လို့ ပြောဆိုခဲ့ပြီးနောက် ဂျင်းဘန်နာ့ဒ်နဲ့ ချယ်ရီတို့ရဲ့ ကွာရှင်းမှုကို တရားရုံးက ၁၄ မိနစ်အတွင်း ခွင့်ပြုလိုက်ပါတယ်။

လန်ဒန်မြို့ရှိ ဗဟိုမိသားစုတရားရုံးက အဆိုတော် ချယ်ရီနဲ့ စားသောက်ဆိုင် ပိုင်ရှင် ဂျင်းဘန်နာ့ဒ်ဖာနန်ဒက်စ်ဗာဆီနီတို့ရဲ့ ကွာရှင်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

play

 

အခု ဂျင်းဘန်နာ့ဒ်က တစ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ချယ်ရီ့ကို လက်ဆောင်ပေးထားတဲ့ လက်စွပ်ကို ပြန်ပေးဖို့ တောင်းဆိုနေပါတယ်။

အဲဒီလက်စွပ်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့မိခင်ရဲ့လက်စွပ်ဖြစ်တယ်လို့ သိရပါတယ်။

"သူ့အမေရဲ့ လက်စွပ်ပါ။ အခု သူမ ဆုံးသွားတာ ၁၀ နှစ်ပြည့်ပြီ။ ဂျေဘီက လက်စွပ်ကို အရမ်းပြန်လိုချင်ပေမဲ့။ ချယ်ရီက ဘာမှ ပြန်မပြောသေးဘူး" လို့ သတင်းပေးတစ်ဦးက ပြောပြခဲ့ပါတယ်။

play

 

ဒါပေမဲ့ ချယ်ရီကတော့ ဂျေဘီ့ဆီကလည်း လက်စွပ်ပြန်တောင်းတာမျိုး မကြားရသေးဘူးလို့လည်း သိရပါတယ်။

"ဘာလို့ သတင်းစာကနေမှ တောင်းဆိုရတာလဲဆိုပြီး ချယ်ရီက ဒေါသထွက်နေတယ်။ ရှေ့နေတွေနဲ့ ဆွေးနွေးစဉ်ကာလမှာ ဂျေဘီက လက်စွပ်ကို ပြန်လိုချင်တယ်လို့ တစ်ခါမှ မပြောခဲ့ဘူး။ သူ ပြန်လိုချင်တယ်ဆိုရင် ချယ်ရီက ချက်ချင်း ပြန်ပေးမှာပါ" လို့ ချယ်ရီရဲ့သူငယ်ချင်းတစ်ဦးက ပြောခဲ့ပါတယ်။

play

 

ချစ်သူ One Direction အဆိုတော် လီယမ်ပင်းန်ရဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီလို့ သတင်းထွက်နေတဲ့ ချယ်ရီဟာ ဂျေဘီနဲ့ ကွဲပြီးကတည်းက အဲဒီလက်စွပ်ကို ဝတ်ဆင်တာ မတွေ့ရပါဘူး။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ