International Celebrity: မကြာခင် ရိုက်ကူးတော့မယ့် ကာရာဒယ်လဗင်းရဲ့ အတ္ထုပ္ပတ္တိ

လအနည်းငယ်အတွင်း ထွက်ရှိမယ်လို့ သိရပါတယ်။

play

 

မော်ဒယ်ကနေ မင်းသမီးဖြစ်လာတဲ့ အသက် ၂၄ နှစ်အရွယ် ကာရာဒယ်လဗင်းရဲ့ ဘ၀နဲ့ အလုပ်အကြောင်းကို ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အသက် ၁၀ နှစ်အရွယ်မှာ မော်ဒယ်လောကကို စတင်ဝင်ရောက်ခဲ့တဲ့ ကာရာဟာ  ၂၀၀၉ ခုနှစ်မှာ Storm Model Managment နဲ့ စာချုပ်ချုပ်ခဲ့ကာ Burberry၊ Chanel နဲ့Tom Ford တို့လို ကုမ္ပဏီကြီးများစွာအတွက် မော်ဒယ်လုပ်ပေးခဲ့ပါတယ်။

play

 

ဒါ့အပြင် သူမဟာ ကမ္ဘာတစ်ဝှမ်းက ဖက်ရှင်ရှိုးကြီးတွေမှာလည်း ပါဝင်ရသူပါ။

၂၀၁၅ ခုနှစ်မှာတော့ ကုမ္ပဏီနဲ့ စာချုပ်ဆက်မချုပ်တော့ဘဲ သရုပ်ဆောင်အလုပ်မှာ အချိန်ပြည့် အာရုံစိုက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

play

 

၂၀၁၂ ခုနှစ်မှာ Anna Karenina ဇာတ်ကားကို စတင်ရိုက်ကူးခဲ့တဲ့ ကာရာဟာ he Face of an Angel၊ Pan၊ Paper Towns နဲ့ Suicide Squad တို့မှာ ပါဝင်ထားပြီး မကြာခင်ထွက်ရှိတော့မယ့်  London Fields၊ Tulip Fever and Valerian နဲ့ the City of a Thousand Planets ဇာတ်ကားတို့မှာလည်း သူမကို မြင်တွေ့ရဦးမှာပါ။

ကာရာဒယ်လဗင်းရဲ့အတ္ထုပ္ပတ္တိကို DVD နဲ့ ဗီဒီယိုအဖြစ် အမေရိကန်နဲ့ ကနေဒါတို့မှာ လအနည်းငယ်အတွင်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ