play

 

ကာညေးဝက်စ်ဟာ ဂျေဇီးရဲ့ Roc-A-Fella Records ကုမ္ပဏီမှာ ထုတ်လုပ်သူတစ်ယောက်အဖြစ် ပါဝင်ပြီး အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာပါ။ အဲဒီနောက်မှာမှ ရက်ပါဘဝနဲ့ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကာညေးဝက်စ်နဲ့ ကင်မ်ကာဒါရှီယန်တို့ရဲ့ ၂၀၁၄ ခုနှစ် မင်္ဂလာပွဲကို ဂျေဇီးနဲ့ ဘီယွန်းဆေးတို့ မတက်ရောက်ခဲ့သည့်နောက် ကာလရှည်ကြာခင်မင်လာကြတဲ့ သူတို့နှစ်ဦးကြားက ဆက်ဆံရေးဟာ အက်ကြောင်းထင်သွားခဲ့ပါတယ်။

play

 

သူ့ရဲ့ဇနီး ကင်မ်ကာဒါယာရှီယန် ကင်မ်ကာဒါရှီယန် ဓားပြတိုက်ခိုက်လိုက်ရပြီးချိန်မှာတောင် အိမ်ကိုလာဖို့ ပျက်ကွက်ခဲ့တဲ့ ဂျေဇီးအပေါ် ကာညေးရဲ့ မကျေနပ်ချက်တွေက မဖုံးနိုင်မမိနိုင် ပွင့်အံလာခဲ့တာပါ။

ကာညေးဟာ သူ့ရဲ့မကျေနပ်ချက်ကို အောက်တိုဘာလ ၁၉ ရက်နေ့ညက ဝါရှင်တန်ပြည်နယ်၊ ဆီယာတယ်မြို့မှာ သီဆိုဖျော်ဖြေရင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

play

 

"ဓားပြတိုက်ခံရပြီးတဲ့နောက် ဘယ်လိုနေလဲလို့ ဖုန်းဆက်ပြီး မမေးနဲ့။ သိချင်ရင် အိမ်ကို လာခဲ့။ ညီအစ်ကိုတွေလို သဘောထားပြီး ကလေးတွေကို ခေါ်လာခဲ့။ ထိုင်ပြီး ပြောကြမယ်" လို့ ပရိသတ်ကို ပြောနေတဲ့ ကာညေးကြည့်ရတာ တကယ့်ကို နာကျင်နေပုံပါပဲ။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video