International Celebrity: အဝတ်အထည်ကုမ္ပဏီကြီးတစ်ခုနဲ့ လက်တွဲလိုက်ပြန်တဲ့ ဗစ်တိုးရီးယားဘက်ခမ်း

သူမရဲ့ဖက်ရှင်ဒီဇိုင်နာလုပ်ငန်းကို ထပ်မံတိုးချဲ့လိုက်ပြန်ပါတယ်။

play

 

ဗစ်တိုးရီးယားဘက်ခမ်းဟာ ကန့်သတ်ထုတ်ဝေတဲ့ အဝတ်အစားတွေကို ရောင်းချဖို့ Target အဝတ်အထည်ကုမ္ပဏီနဲ့ လက်တွဲလိုက်တာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားဟာ Target အတွက် အဝတ်အစားတွေ ထုတ်လုပ်ပေးပြီး နောက်နှစ် ဧပြီလထဲမှာ ဗစ်တိုးရီးယားရဲ့ဒီဇိုင်းတွေကို Target ရဲ့ စတိုးဆိုင်တိုင်းနဲ့ အွန်လိုင်းပေါ်မှာ ရရှိတော့မှာ ဖြစ်ပါတယ်။

play

 

အားလုံးက အမျိုးသမီးဝတ်တွေ ဖြစ်ပြီး အသက် ၅ နှစ်အရွယ် သမီးဖြစ်သူကြောင့် စိတ်ကူးရလာတဲ့ ကလေးဝတ်တွေကိုလည်း စတင်ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။

"လုပ်ငန်းအရကြောင့်ရော သမီးလေး ၅ နှစ်ပြည့်တာကြောင့်ရော ကလေးဝတ်တွေကို စထုတ်ဖို့အတွက် အကောင်းဆုံးအချိန်လို့ ကျွန်မခံစားမိတယ်" လို့ သူမက ပြောခဲ့ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ