International Celebrity: ဂျက်စတင်ဘီဘာကို မကျေမနပ်ဖြစ်နေကြတဲ့ ပွဲလာပရိသတ်

ပရိသတ်က သူ့ရဲ့စကားကို လုံးဝနားမထောင်ကြတော့ပါဘူး။

play

 

Purpose ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြုလုပ်နေတဲ့ ဂျက်စတင်ဘီဘာဟာ ဘရင်မင်ဟမ်မြို့မှာ ပရိသတ်ကို ဆိုးရွားတယ်လို့ မှတ်ချက်ပေးပြီး အင်္ဂလန်ရှိုးပွဲတွေကို စတင်ခါံပါတယ်။

အောက်တိုဘာလ ၂၀ ရက်ညက မန်ချက်စတာကွင်းမှာ ဖျော်ဖြေစဉ်မှာတော့ ပရိသတ်ကို မဆူဖို့ အတင်းအကျပ်ခိုင်းခဲ့တဲ့အတွက် သူ့ကို ရိုင်းစိုင်းတယ်လို့ ရှိုးပွဲလာကြည့်ကြတဲ့ ပရိသတ်က ဝေဖန်ခဲ့ကြပါတယ်။

play

 

"ကျွန်တော် စကားပြောလို့ရမယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ ခင်ဗျားတို့ ဆန္ဒရှိရင် ကျွန်တော် မပြောတော့ဘူး။ ကျွန်တော်က အချိတ်အဆက်မိဖို့ ကြိုးစားတာပါ။ ခင်ဗျားတို့ စိတ်မပါရင် သီချင်းပဲဆိုတော့မယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။

ပွဲအစတုန်းကလည်း တတ်နိုင်သလောက် တိတ်တိတ်ဆိတ်ဆိတ်နေပေးကြဖို့ ဂျေဘီက ပရိသတ်ကို တောင်းဆိုခဲ့ကြပေမဲ့ ဂီတာတီးပြီး Cold Water နဲ့ Love Yourself တို့ကို သီဆိုချိန်မှာ ပရိသတ်ရဲ့ အော်ဟစ်သံတွေ ထွက်လာခဲ့ပါတယ်။

play

 

ရှိုးပွဲပြီးချိန်မှာတော့ အသံတိတ်ပေးကြဖို့ ပြောတာဟာ ရိုင်းစိုင်းတယ်လို့ ပွဲလာပရိသတ်တွေက တွစ်တာမှာ ရေးသားခဲ့ကြပါတယ်။

"ဂျက်စတင်ဘီဘာရဲ့မန်ချက်စတာရှိုးပွဲက အရမ်းကောင်းပါတယ်။ သူ့ပရိသတ်အပေါ် ရိုင်းစိုင်းတာတော့ ရှက်စရာပဲ" လို့ တစ်ဦးက ရေးသားထားပြီး နောက်တစ်ဦးကလည်း "မင်းသီချင်းတွေကိုတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ မင်းက ရိုင်းတယ်..ဂျက်စတင်ဘီဘာ" လို့ ရေးသားခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ