International Celebrity: ဟာလေကွင်းပုံစံ ဝတ်ဆင်ထားတဲ့ ပတ်မြောင်ဆူကြောင့် လူတွေရယ်မောမဆုံးဖြစ်ခဲ့ရ

ဟာလေကွင်းပုံတူတွေထဲမှာတော့ သူ့ထက်ဆက်စီကျတာ ရှိမယ်မထင်ပါဘူး။

play

 

စနေနေ့က KBS ရုပ်သံဌာနကို ရောက်လာတဲ့ ဟာလေကွင်း (Harley Quinn) တစ်ယောက်ကိုဖြင့် မကြည့်ဘဲမနေနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။

play

 

ဆံပင်နှစ်ဖက်ခွဲစည်းပြီး ဘေ့စ်ဘောတုတ်ကြီးထမ်းကာ လမ်းလျှောက်လာတဲ့ ဟာလေကွင်းက ဗိုက်ကလေးပူပြီးတော့ကို ဆက်စီကျနေတာပါ။ သေသေချာချာကြည့်မှပဲ သရုပ်ဆောင် ပတ်မြောင်ဆူမှန်း သိရပါလိမ့်မယ်။

play

 

မိတ်ကပ်တွေ နှုတ်ခမ်းနီတွေနဲ့ ဆက်စီကျနေတဲ့ ပတ်မြောင်ဆူ ဟာလေကွင်းဟာ Happy Together 3 အစီအစဉ် ရိုက်ကူးရေးအတွက် ရောက်လာခဲ့တာဖြစ်ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ