International Celebrity: ပတ်ဘိုဂမ်ရဲ့မန်နေဂျာကို ပရိသတ်တွေ မနာလိုဖြစ်နေကြ

သူ့ရဲ့မန်နေဂျာကို တော်တော်ချစ်ပုံပါပဲ။

play

 

Moonlight Drawn by Clouds ဇာတ်ကားနဲ့ ဆယ်ကျော်သက်တွေရဲ့ အသည်းအိမ်ကို ဖမ်းစားသွားတဲ့ ပတ်ဘိုဂမ်ရဲ့ ရိုက်ခတ်မှုဟာ မန်နေဂျာကိုလည်း အလွတ်မပေးပါဘူး။ ပတ်ဘိုဂမ်ရဲ့ ပရိသတ်တွေက မင်းသားရဲ့မန်နေဂျာကို မနာလိုဖြစ်မိတယ်လို့ ပြောနေကြပါတယ်။

play

 

ဘိုဂမ်ဟာ သူ့ရဲ့မန်နေဂျာကို တော်တော်လေး ခင်မင်တွယ်တာပုံရပါတယ်။ သွားလေရာမှာလည်း လက်မောင်းကိုချိတ်တာဖြစ်ဖြစ် ပုခုံးချင်းဖက်ပြီးဖြစ်ဖြစ် ရင်းရင်းနှီးနှီးဆက်ဆံနေလို့လည်း ပရိသတ်တွေက အူတိုနေကြတာပါ။

play

 

အမည်ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့ မန်နေဂျာကလည်း ပတ်ဘိုဂမ်ရဲ့အနားမှာ အမြဲတမ်းလိုလို ရှိနေပေးတာကြောင့် သူ့ရဲ့အနုပညာအလုပ်တွေ အဆင်ပြေပြီး ကျန်းမာပျော်ရွှင်နေတာလည်းဖြစ်ပါလိမ့်မယ်။

Source : Korean Update

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ