play

 

အမေရိကန်သရုပ်ဆောင်လေး ဒတ်ကိုဖန်နင်းဟာ မင်းသားကြီး တွမ်ခရုဇ်ထံကနေ နှစ်စဉ်မပြတ် မွေးနေ့လက်ဆောင်တွေ ရရှိခဲ့ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။ သူမရဲ့အသက် ၁၁ နှစ်ပြည့်ကနေ ၂၂ နှစ် ပြည့်ချိန်အထိ တွမ်ခရုဇ်ထံကနေ နှစ်စဉ်မပြတ် မွေးနေ့လက်ဆောင်တွေ ရရှိခဲ့တယ်လို့ မင်းသမီးလေးက ဆိုပါတယ်။

play

 

" အမြဲတမ်း တွေးမိခဲ့တာက အိုးးး ငါ ၁၈ နှစ်ရောက်ပြီ သူတော့ မွေးနေ့လက်ဆောင်ပို့တော့မှာမဟုတ်ဘူး၊ ၂၁ နှစ်ရောက်ပြီ ပိုတော့မှာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ နှစ်တိုင်းရခဲ့တာချည်းပဲ" လို့ သူမက ပြောပါတယ်။

play

 

မွေးနက်လက်ဆောင်တွေကတော့ ဖိနပ်လှလှလေးတွေဖြစ်ပါသတဲ့။ တွမ်ခရုဇ်နဲ့ ဒတ်ကိုတာဖန်နင်းတို့ဟာ War of the Worlds ဇာတ်ကားမှာ အတူသရုပ်ခဲ့ဖူးသူတွေပါ။ ထိုစဉ်က ဒတ်ကိုတာရဲ့အသက်က ၁၁ နှစ်သာ ရှိပါသေးတယ်။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video