International Celebrity: ကာညေးဝက်စ်ရဲ့ ရူးနှမ်းမှုတွေကို မခံစားနိုင်တဲ့ ဂျေဇီး

ကာညေးက ဂျေဇီးကို သူငယ်ချင်းကောင်းမပီသဘူးလို့ ပြောပြီးနောက် ဒီသတင်းထွက်လာတာ ဖြစ်ပါတယ်။

play

 

ကာညေးနဲ့ ကင်မ်ကာဒါရှီယန်တို့ လွန်ခဲ့တဲ့ ၅ နှစ်က ချစ်ကြိုက်ချိန်ကစလို့ ကာညေးဝက်စ်နဲ့ ဂျေဇီးတို့ရဲ့ဆက်ဆံရေးဟာ အေးစက်လာပုံရပါတယ်။

play

 

ဒါပေမဲ့ ကင်မ်ဓားပြတိုက်ခံရတာကို ဂျေဇီးက လူကိုယ်တိုင် သတင်းလာမမေးတဲ့အတွက် သူငယ်ချင်းကောင်း မပီသဘူးလို့ ကာညေးဟာ ဆီယာတယ်မြို့မှာ ပြုလုပ်တဲ့ သူ့ရဲ့ရှိုးပွဲမှာ ပြောလိုက်ပြီးတဲ့နောက် သူတို့ရဲ့ ၁၆ နှစ်ကြာ ဆက်ဆံရေးက လှိုင်းထန်သွားခဲ့ပါတယ်။

play

 

ကာညေးက အဲဒီလို ပြောခဲ့ပြီးတဲ့နောက် ဂျေဇီးက ကာညေးကို အရူးလို့ မြင်တဲ့အတွက် မတွေ့ချင်တာလို့ သတင်းပေးတစ်ဦးက ပြောလာခဲ့ပါတယ်။

play

 

"ဂျေက သူ့ကို ဘယ်လိုမှ မခံစားနိုင်ဘူး။ သူ့ကို အရူး၊ ငကြောင်လို့ ထင်တယ်။ ကာညေးက အရူးပဲ အဲဒါကို လူတိုင်းသိပါတယ်" လို့ ယင်းသတင်းပေးက ပြောခဲ့ပါတယ်။

ဘီယွန်းဆေးရဲ့ခင်ပွန်း ဂျေဇီးက ကာညေးကို စီးပွားရေးကြောင့်သာ သည်းခံနေတာလို့လည်း  ထိုလူက ဆိုခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ