International Celebrity: လူတွေ လန့်ကုန်ကြတဲ့ ကန်ဒဲလ်နဲ့ ဂျီဂျီတို့ရဲ့ မဂ္ဂဇင်းမျက်နှာဖုံးပုံ

ဓာတ်ပုံလေးက အရာရာပြည့်စုံလှပနေတယ်လို့ ထင်ရပါတယ်။

play

 

W Magazine ရဲ့မျက်နှာဖုံးမှာ စူပါမော်ဒယ်တွေဖြစ်တဲ့ ဂျီဂျီဟက်ဒီးနဲ့ ကန်ဒဲလ်ဂျန်နာကို နှစ်ယောက်စလုံးမြင်တွေ့ရတာ ကျေနပ်စရာပါ။

သူတို့နှစ်ယောက်ဟာ အဝတ်အစားဆင်တူဝတ်ပြီး ခွေးလေးတွေကိုတောင် ဖက်ထားသေးတယ်။ အရာအားလုံးက လှပနေပါတယ်။

play

 

ဒါပေမဲ့ တစ်ခုတော့ အကြီးအကျယ်ကြီးလွဲနေတာကို တွေ့ရပါတယ်။ အဲဒါကတော့ ကန်ဒဲလ်နဲ့ ဂျီဂျီမှာ ဒူးတွေ ပါမလာခဲ့ပါဘူး။

တွစ်တာမှာ အဲဒီအကြောင်းဟာ လူပြောအများဆုံးအရာတွေ ဖြစ်ခဲ့ရပါတယ်။

play

 

"ကန်ဒဲလ်နဲ့ ဂျီဂျီတို့ရဲ့ဓာတ်ပုံတွေက Lizzie Fitch နဲ့ Ryan Trecartin တို့ရဲ့ ပရောဂျက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ သူတို့က မိတ်ကပ်နဲ့ ခြေလက်တုတွေ သုံးပြီး ပုံဖျက်ပြုလုပ်တဲ့ ဒစ်ဂျစ်တယ်နည်းပညာကို သုံးပြီး ဖန်တီးမှုတွေကြောုင့် နာမည်ကြီးတယ်" လို့ W Magazine ရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ချောမွေ့နေပါစေ ဒူးခေါင်းတွေ မပါတာကြီးကတော့ ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေတာ အမှန်ပါပဲ။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ