International Celebrity: ဒုတိယရင်သွေးလေးအကြောင်း အရိပ်အမြွက်ပြောခဲ့တဲ့ ရိုင်ယန်ရေးနိုးစ်

ပြီးခဲ့တဲ့လက မွေးဖွားခဲ့တဲ့ ရင်သွေးလေးဟာ သမီးလား သားလားဆိုတာ အခုထိ အတိအကျ မပြောသေးပါဘူး.

play

 

ဘလိတ်ခ်လိုက်ဗလီနဲ့ ရိုင်ယန်ရေးနိုးစ်တို့ဟာ ပြီးခဲ့တဲ့လက ဒုတိယမြောက် ရင်သွေးလေးကို ကြိုဆိုခဲ့ကြပေမဲ့ ယာက်ျားလေးလား မိန်းကလေးလားဆိုတာကို မပြောရသေးပါဘူး။

ဒါပေမဲ့ Deadpool မင်းသား အသက် ၃၉ နှစ်အရွယ် ရိုင်ယန်ရေးနိုးစ်ဟာ ကလေးက သမီးလေးဖြစ်ကြောင်း တွစ်တာကနေ

အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

play

 

"ကျွန်တော့်သမီးလေးရဲ့ ပုခက်အပေါ်မှာ အလှဆင်ထားတဲ့ ကွင်းလေးတွေက သန္ဓေတားဆေးကွင်းလေးတွေပါ။ ဒါမှ သူဘယ်လောက်ကံကောင်းတယ်ဆိုတာ သတိရနေမှာ" လို့ နောက်ပြောင်ရေးသားခဲ့တာပါ။

ဒါပေမဲ့ အခုထိတော့ ကလေးဟာ ယောက်ျားလေးလား မိန်းကလေးလားဆိုတာ အတိအကျ မပြောသေးပါဘူး။

သူ့ရဲ့ ၂၂ လ အရွယ် သမီးအကြီးလေးကို ရည်ရွယ်ပြီး ပြောတာလည်း ဖြစ်နိုင်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ