International Celebrity: လက်စွပ်တစ်ကွင်း ပြန်တောင်းတဲ့ ခင်ပွန်းဟောင်းကို သုံးကွင်းပြန်ပေးမယ့် ချယ်ရီ

တိုက်ရိုက်မပြောဘဲ မီဒီယာကနေတစ်ဆင့် ပြောခဲ့တဲ့အတွက် ချယ်ရီက စိတ်ဆိုးနေပါတယ်။

play

 

ကွာရှင်းပြတ်စဲပြီးသွားတာ ရက်ပိုင်းသာ ရှိသေးတဲ့ ခင်ပွန်းဟောင်းက ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့မိခင်ရဲ့လက်စွပ်ကို မီဒီယာကနေတစ်ဆင့် ပြန်တောင်းတဲ့အတွက် ချယ်ရီက ဒေါသထွက်နေတယ်လို့ သိရပါတယ်။

play

 

အခု ချယ်ရီက ခင်ပွန်းဟောင်း ပြင်သစ်စားသောက်ဆိုင် ပိုင်ရှင်ကို ပေါင် ၂၇၅,၀၀၀ (ဒေါ်လာ သုံးသိန်းခွဲကျော်) တန် စိန်လက်စွပ်တစ်ကွင်း အပါအဝင် လက်စွပ် ၃ ကွင်း ပြန်ပေးမယ်လို့ ပြောလာပါတယ်။

play

 

One Direction အဆိုတော် လီယမ်ပင်းန်နဲ့ ချစ်သူတွေဖြစ်နေပြီး ကိုယ်ဝန်ရှိနေပြီလို့ ယူဆရတဲ့ ချယ်ရီဟာ ပေါင် တစ်သောင်းခွဲ (ဒေါ်လာ ၁၆၀၀၀ ကျော်) တန် မင်္ဂလာလက်စွပ်ကိုလည်း ကွာရှင်းပြတ်စဲပြီးသွားပြီဖြစ်တဲ့အတွက် ဂျင်းဘန်နာ့ဒ်ကို ပြန်ပေးမယ်လို့ ယူဆရပါတယ်။

play

 

ကွဲကွာပြီးနောက် သူမပိုင်ဆိုင်တဲ့ ပေါင် သန်း ၂၀ ကိုတော့ အထိမခံခဲ့တဲ့ ချယ်ရီဟာ တစ်နှစ်ပြည့်မင်္ဂလာအထိမ်းအမှတ်အဖြစ် ခင်ပွန်းဟောင်းက လက်ဆောင်ပေးခဲ့တဲ့ ယောက္ခမဖြစ်သူရဲ့လက်စွပ်ကို ပြန်ပေးမယ်လို့သိရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ