International Celebrity: ကယ်ဗင်ဟားရစ်ရဲ့သီချင်းကို ရှိုးပွဲမှာသီဆိုလိုက်တဲ့ တေလာဆွစ်

ဒီသီချင်းနဲ့ပဲ ကယ်ဗင်ဟားရစ်က ဆုတွေရသွားခဲ့ပါသေးတယ်။

play

 

စနေညက တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာ ပြုလုပ်တဲ့ Formula 1 United States Grand Prix ဖျော်ဖြေပွဲမှာ တေလာဆွစ်က This Is What You Came For သီချင်းကို သီဆိုသွားပါတယ်။ ဒီသီချင်းဟာ သူမရဲ့ရည်းစားဟောင်း DJ ကယ်ဗင်ဟားရစ်ရဲ့ နာမည်ကျော်သီချင်းလည်းဖြစ်ပြီး တေလာဆွစ် ကူညီရေးပေးခဲ့တာလည်း ဖြစ်ပါတယ်။

ကယ်ဗင်ဟားရစ်ရဲ့သီချင်းကို သီဆိုသွားတဲ့ တေလာဆွစ်ကိုတော့ ပွဲကိုရောက်နေတဲ့ ပရိသတ် ၈၀,၀၀၀ လုံး အံ့သြကုန်တော့တာပါပဲ။ ဒီသီချင်းကို သူမအနေနဲ့ ရှိုးပွဲမှာ တစ်ခါမှမဆိုခဲ့ဖူးပါဘူး။

play

 

တေလာဆွစ်နဲ့ ကယ်ဗင်ဟားရစ်တို့ဟာ ၁၅ လကြာ တွဲလာပြီးနောက် ယခုနှစ် ဇွန်လမှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

Source : E!

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ