International Celebrity: နာမည်ကြီး ဂျာမန် စူပါမော်ဒယ် ကလော်ဒီရာ

မျက်နှာဖုံးရှင်အနေနဲ့ အကြိမ်ရေအများဆုံး ဖော်ပြခြင်းခံရတဲ့ မော်ဒယ်အဖြစ် ဂင်းနစ် စံချိန်တင်ထားသူလည်း ဖြစ်ပါတယ်။

play

 

ကမ္ဘာ့နာမည်ကြီးမဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးရှင်အဖြစ် အကြိမ်ရေအများဆုံး ဖော်ပြခြင်းခံရတဲ့ ဂျာမန်မော်ဒယ် Claudia Schiffer ဟာ ဂျာမနီမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အထက်တန်းကျောင်းသူဘဝမှာလည်း ကျောင်းရဲ့ပေါ်ပြူလာအဖြစ်ဆုံ မိန်းကလေးဖြစ်ခဲ့သူပါ။

play

 

ရှေ့နေတစ်ဦးဖြစ်ချင်ခဲ့တဲ့ သူမဟာ အထက်တန်းကျောင်းပြီးတဲ့နောက်မှာတော့ ရည်ရွယ်ချက် ကြီးကြီးမားမား မထားခဲ့ပေမဲ့ မော်ဒယ်အဖြစ် အနုပညာခြေလှမ်းတွေ စတင်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဖြည်းဖြည်းချင်း နာမည်ရလာပြီး ဖက်ရှင်အမှတ်တံဆိပ်တွေ၊ ဖက်ရှင်ဒီဇိုင်နာတွေရဲ့ ဖက်ရှင်ရှိုးပွဲတွေနဲ့ ဖက်ရှင်ကြော်ငြာတွေမှာ ဆက်တိုက်နီးပါး ပါဝင်လာခဲ့ပါတယ်။ ကလော်ဒီရာဟာ ရုပ်ရှင်ဇာတ်ကားအချို့နဲ့ သီချင်းဗီဒီယိုအချို့မှာလည်း သရုပ်ဆောင်ခဲ့ပါသေးတယ်။

play

 

ကမ္ဘာ့နာမည်ကြီး မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးရှင်အနေနဲ့ အကြိမ်ရေအများဆုံး ဖော်ပြခြင်းခံရတဲ့ မော်ဒယ်အဖြစ် ဂင်းနစ် စံချိန်တင်ထားသူလည်း ဖြစ်ပါတယ်။ သူမဟာ Forbes မဂ္ဂဇင်းကြီးရဲ့ဖော်ပြချက်အရ တစ်နှစ်ပျမ်းမျှဝင်ငွေ ဒေါ်လာ ၅၅သန်းရှိပြီး သူမကိုယ်ပိုင် ဖက်ရှင်လုပ်ငန်းတွေနဲ့လည်း အောင်မြင်နေသူဖြစ်ပါတယ်။ ကမ္ဘာကျော်မျက်လှည့်ဆရာ ဒေးဗစ်ကော်ပါဖီးလ်ဒ်နဲ့ စေ့စပ်ဖူးတဲ့ ကလော်ဒီရာဟာ ဒေးဗစ်နဲ့လမ်းခွဲပြီးတဲ့နောက်မှာတော့ ဒါရိုက်တာ မက်သရူးနဲ့ ၂၀၀၂ ခုနှစ်မှာ လက်ထပ်ဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ