International Celebrity: လူတွေက သူ့ကို မလေးစားကြတော့ဘူးလို့ ဝမ်းနည်းစွာဆိုလိုက်တဲ့ ဂျက်စတင်ဘီဘာ

စိတ်ဆိုးပြီး မိုက်ခ်ကို ပစ်ချသွားခဲ့ပါသေးတယ်။

play

 

ဂျက်စတင်ဘီဘာဟာ မန်ချက်စတာကွင်းထဲမှာ ပြုလုပ်တဲ့ ရှိုးပွဲမှာ ပရိသတ်ကို စကားပြောနေတာကို ပရိသတ်က လှောင်ပြောင်ပြီး သီချင်းသာ ဆက်ဆိုဖို့ ပြောခဲ့ပါတယ်။

ပရိသတ်က သူပြောတာကို နားမထောင်ချင်တဲ့အတွက် ဂျက်စတင်ဘီဘာဟာ မိုက်ခ်ကို ပစ်ချပြီး ထွက်သွားခဲ့ပါတယ်။

play
မိုက်ခ်ကို ပစ်ချပြီး ထွက်သွားတဲ့ ဂျေဘီ

 

အနည်းငယ်အကြာမှာတော့ "မိုက်ခ်က စကားပြောတာကို လက်မခံနိုင်ဘူး။ အဲဒီတော့ ကျွန်တော် မပြောတော့ဘူး" လို့ သူက ပြောပါတယ်။

အဲဒီနောက် ရှိုးပွဲအဆုံးမှာ သူ့ရဲ့နာမည်အကြီးဆုံးသီချင်းနဲ့ မပိတ်မီ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဂျေဘီက ရှင်းပြခဲ့ပါတယ်။

play

 

"ခုနက ကျွန်တော် စိတ်တိုသွားရတာက ကျွန်တော့်မှာ ဒီကိုရောက်အောင် ကမ္ဘာပတ်ပြီးလာရတယ်။ ကျွန်တော့်ရဲ့ဘဝကို သီဆိုဖျော်ဖြေမှုမှာ မြှုပ်နှံထားပြီး လူတွေရဲ့မျက်နှာမှာ အပြုံးတွေ ယူဆောင်လာပေးတယ်။ လူတွေက ကျွန်တော့်ကို အရင်လို မလေးစားကြတော့ဘူးလို့ ခံစားရတယ်။ အဲဒါကို နည်းနည်း နာကျင်သွားလို့ပါ။ ဒါပေမဲ့ ဒီရှိုးပွဲကို ပြီးဆုံးအောင် လုပ်ပါမယ်။ နောက်ဆုံးသီချင်း..Baby" လို့ ဂျေဘီက ပြောခဲ့ပါတယ်။

play

 

ယင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဂျေဘီဘက်က ရပ်တည်တဲ့ ပရိသတ်တွေ ရှိသလို တချို့ကလည်း လူအုပ်ကြီးက ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ဆိုကြပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ