International Celebrity: ဘေယောင်ဂျွန်းနဲ့ ပတ်ဆူဂျင်းတို့ သားဦးလေးမွေးဖွား

ကလေးရော မိခင်ပါ ကျန်းမာကြတယ်လို့ သိရပါတယ်။

play

 

တောင်ကိုရီးယား နာမည်ကျော် အနုပညာရှင်စုံတွဲဖြစ်တဲ့ ဘေယောင်ဂျွန်းနဲ့ ပတ်ဆူဂျင်းတို့ဟာ သားဦးရင်သွေးလေး ပိုင်ဆိုင်ထားရပြီဖြစ်ကြောင်း တနင်္လာနေ့မှာ အသိပေးလိုက်ကြပါတယ်။

ဆူဂျင်းဟာ ဂန်းနမ်ရပ်ကွက်က မီးယပ်သားဖွားဆေးခန်းတစ်ခုမှာ သားလေးကို မွေးဖွားခဲ့တယ်လို့ ဘေယောင်ဂျွန်းရဲ့အေဂျင်စီဘက်က ဆိုပါတယ်။ ကလေးရော မိခင်ပါ ကျန်းမာကြတယ်လို့ သိရပါတယ်။

play

 

ဘေယောင်ဂျွန်းနဲ့ ပတ်ဆူဂျင်းတို့ဟာ ယမန်နှစ် ဇူလိုင်လမှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ယခုနှစ်ဧပြီလမှာတော့ ဆူဂျင်းမှာ ကိုယ်ဝန်လွယ်ထားရတဲ့အကြောင်း ကြေညာခဲ့ကြပါတယ်။

Source : Yonhap

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ