International Celebrity: သြစတြေးလျရဲ့ အလန်းဆုံးအမျိုးသမီးအဖြစ် မားဂေါ့ရော်ဘီရွေးချယ်ခံရ

ယမန်နှစ်စာရင်းမှာတော့ သူမက ဒုတိယနေရာမှာ ရှိနေခဲ့တာပါ။

play

 

မင်းသမီးလေး မားဂေါ့ရော်ဘီကို သြစတြေးလျရဲ့ အလန်းဆုံးအမျိုးသမီးအဖြစ် Maxim မဂ္ဂဇင်းက ညွှန်းဆိုလိုက်ပါတယ်။ Maxim ဟာ ဆက်စီကျပြီး ညှို့အားပြင်းတဲ့ မော်ဒယ်တွေကိုသာ ရွေးချယ်တင်ဆက်လေ့ရှိတဲ့ မဂ္ဂဇင်းပါ။

play

 

၂၀၁၆ ခုနှစ်အတွက် သြစတြေးလျနိုင်ငံရဲ့ အလန်းဆုံး အမျိုးသမီး အယောက် ၁၀၀ ကို ရွေးချယ်ဖော်ပြခဲ့ရာမှာ မားဂေါ့ရော်ဘီက ထိပ်ဆုံးမှာ ဖော်ပြခံရတာလည်း ဖြစ်ပါတယ်။ မားဂေါ့ရော်ဘီဟာ ဟောလိဝုဒ်ဇာတ်ကားတွေမှာပါ နာမည်ကျော်ကြားလာခဲ့တာဖြစ်ပြီး ကွင်းစ်လန်းမှာ မွေးဖွားခဲ့တာပါ။ ယမန်နှစ်စာရင်းမှာတော့ သူမက ဒုတိယနေရာမှာ ရှိနေခဲ့ပြီး ၂၀၁၆ ခုနှစ်အတွက် အလန်းဆုံးအမျိုးသမီးစာရင်းမှာတော့ နံပတ်တစ် နေရာကို ရောက်လာခဲ့ပါတယ်။

play
ဂျက်စီကာ မာရိုက်စ်

 

The Maxim ကရွေးချယ်တဲ့ သြစတြေးလျရဲ့ အလန်းဆုံး ၁၀၀ စာရင်းမှ ထိပ်တန်း (၁၀) ဦး

၁။ မားဂေါ့ရော်ဘီ

၂။ ဂျက်စီကာ မာရိုက်စ်

၃။ ဒယ်လ်တာ ဂွတ်ဒ်ရမ်

၎။ ဂျနီဖာ ဟော့ကင်း

၅။ ရီနီး ဆိုမာဖီးလ်

၆။ မီရန်ဒါ ကားရ်

၇။ အိုလံပီယာ ဗားလန့်စ်

၈။ ဘင်ဒီ အာဝင်

၉။ The Veronicas

၁၀။ ရူဘီ ရို့စ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ