International Celebrity: ဟယ်ရီ့သူငယ်ချင်း ကောင်လေး ရွန်

ဂရင့်ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ် နေနိုင်သူတစ်ယောက် ဖြစ်ပါတယ်။

play

 

ဟယ်ရီပေါ်တာဇာတ်ကားထဲက ဟယ်ရီ့သူငယ်ချင်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Rupert Grint ဟာ အင်္ဂလန်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး မွေးချင်းငါးယောက်ထဲမှာ အကြီးဆုံးအကိုလည်း ဖြစ်ပါတယ်။

play

 

 ၂၀၀၀ ခုနှစ်မှာစတင်ကာ မင်းသား ဒန်နီရယ် ရတ်ဒ်ကလစ်ဖ်၊ မင်းသမီး အန်မာဝပ်ဆန်တို့နဲ့အတူ ဟယ်ရီပေါ်တာဇာတ်ကားရဲ့ ပထမဆုံးကား The Philosopher's Stone မှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ အနုပညာလောကကို ဝင်ရောက်ခဲ့သူပါ။ ဟယ်ရီပေါ်တာဇာတ်ကားတွေနဲ့ပဲ နာမည်ကြီးအောင်မြင်လာခဲ့သူလည်း ဖြစ်ပါတယ်။

play

 

ဟယ်ရီပေါ်တာဇာတ်ကားတွေနဲ့ ကမ္ဘာ့အချမ်းသာဆုံး လူငယ်သရုပ်ဆောင် စာရင်းဝင်ခဲ့ကြရတဲ့ သူတို့သူငယ်ချင်း ၃ဦးဟာ အပြင်လောကမှာလည်း အရင်းနှီးဆုံး သူငယ်ချင်းတွေလို့ ဆိုပါတယ်။ အခြား ရုပ်ရှင်ဇာတ်ကားအချို့မှာလည်း သရုပ်ဆောင်ဖူးတဲ့ ဂရင့်ဟာ ၂၀၁၁ ခုနှစ်မှာတော့ အဆိုတော် အက်ဒ်ရှီယန်ရဲ့ Lego House သီချင်းဗီဒီယိုမှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ သဘောကျမှုကို ရရှိခဲ့ပြန်ပါတယ်။

play

 

အနုပညာထူးချွန်ဆုတွေလည်း ရရှိထားတဲ့ ဂရင့်ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ် နေနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ချစ်သူရနေပြီလို့ ကြေညာခဲ့ပေမဲ့ ဘယ်သူလည်းဆိုတာ ထုတ်ဖော်ပြောပြခြင်း မရှိခဲ့ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ