International Celebrity: ကော်ဇောနီပေါ်မှာ အနေအထိုင်မတတ်ခဲ့တဲ့ ပယ်ရီအက်ဒ်ဝက်

လူပြောစရာတစ်ခု ထပ်ဖြစ်သွားပြန်ပါတယ်။

play

 

Little Mix အဖွဲ့ဟာ သူတို့ရဲ့ Shout Out to My Ex သီချင်းကို ဆက်စီကျကျဖျော်ဖြေပြီး ၇ ရက်ပဲ ရှိပါသေးတယ်။

အခုနောက်ပိုင်း အရမ်းကို ဆက်စီကျလွန်းတဲ့ ဖျော်ဖြေမှုတွေကြောင့် ပရိသတ်တချို့ရဲ့ ကဲ့ရဲ့ခံနေရချိန်မှာ Little Mix အဆိုတော် ပယ်ရီအက်ဒ်ဝက်က နောက်ထပ် လူပြောစရာကိစ္စတစ်ခုကို ပြုလုပ်ခဲ့ပြန်ပါတယ်။

play

 

သူတို့အဖွဲ့ဟာBC Radio 1’s Teen Awards ပွဲကိုသွားစဉ် ကော်ဇောနီပေါ်မှာ ပယ်ရီရဲ့အပြုအမူကြောင့် အားလုံး မျက်လုံးပြူးခဲ့ရပါတယ်။

play

 

ဓာတ်ပုံရိုက်မယ်လုပ်တော့ ပယ်ရီက သူမရဲ့ရင်သားတွေကို ကိုင်ပြီး နေရာတကျဖြစ်အောင် သေချာပြုလုပ်နေတာကို မြင်တွေ့လိုက်ရပါတယ်။

play

 

ဒါပေမဲ့ ပယ်ရီ့ကိုကြည့်ရတာတော့ ရှက်ရွံ့ဟန်တော့ လုံးဝ မတွေ့ရပါဘူး။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ