International Celebrity: ကျန်းမာရေးအခြေအနေကြောင့် ချာလီပွတ်သ်ရဲ့ လက်ကျန်ရှိုးပွဲတွေဖျက်သိမ်း

အနူးအညွှတ် တောင်းပန်ထားပါတယ်။

play

 

အမေရိကန်အဆိုတော် ချာလီပွတ်သ်ရဲ့ ကျန်းမာရေးကြောင့် Don't Talk Tour ဖျော်ဖြေရေးခရီးစဉ်တွေထဲက လက်ကျန်ပွဲတွေကို ဖျက်သိမ်းလိုက်ကြောင်း တနင်္ဂနွေနေ့က တွစ်တာပေါ်မှာ ကြေညာလိုက်ပါတယ်။

play

 

" လမ်းတွေပေါ်မှာ ဖျော်ဖြေရတာနဲ့ ပရိသတ်တွေအားလုံးကို တွေ့ရတာ ကျွန်တော်အရမ်းချစ်မြတ်နိုးတဲ့အရာပါ။ ဒီရက်ပိုင်းတွေမှာ အရမ်းဖျားခဲ့ပါတယ်။ ခန္ဓာကိုယ်က ပြန်ကောင်းအောင် အချိန်လိုအပ်လို့ပါ။ အားလုံးကို အရမ်းချစ်ပါတယ်။ အနူးအညွှတ်လည်း တောင်းပန်ပါတယ်" ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။

play

 

ရှိုးပွဲကို စက်တင်ဘာလက စတင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၈ ရက်အထိ စီစဉ်ထားခဲ့တာပါ။ ချာလီရဲ့ပရိသတ်တွေကတော့ ရှိုးပွဲပျက်သွားပေမဲ့ သူတို့ချစ်တဲ့အဆိုတော်လေး ကျန်းမာရေးကိုသာ ပိုပြီးစိတ်ပူနေမိကြောင်း လူမှုကွန်ရက်တွေပေါ်မှာ ရေးသားနေကြတာတွေ့ရပါတယ်။

Source : Charlie Puth Twitter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ