International Celebrity: အချစ်ဟောင်းနဲ့သာမက ရန်သူတော်နဲ့ပါ သုံးပွင့်ဆိုင်ဆုံသွားတဲ့ တေလာဆွစ်

တေလာဆွစ်ကတော့ သူမရဲ့ထုံးစံအတိုင်း မျက်နှာတစ်ချက် ပျက်မသွားခဲ့ပါဘူး။

play

 

အချစ်ဟောင်း ဂျွန်မေယာကို ရည်ညွှန်းရေးသားတဲ့ တေလာဆွစ်ရဲ့ သီချင်းတွေက လူကြိုက်များခဲ့ပါတယ်။ ထိုနည်းတူစွာပဲ တစ်ချိန်က သူငယ်ချင်းဖြစ်ခဲ့ပြီးမှ ခွာပြဲသွားကြတဲ့ ကေတီပယ်ရီတို့ရဲ့ အကြောင်းကလည်း ဟိုးလေးတကျော်ပါပဲ။ ဂျွန်မေယာကတော့ တေလာဆွစ်ကိုသာမက ကေတီပယ်ရီနဲ့လည်း ချစ်ကြိုက်ခဲ့ဖူးသူပါ။

play

 

တနင်္ဂနွေနေ့မှာတော့ တေလာဆွစ်ဟာ အချစ်ဟောင်းကိုရော သူငယ်ချင်းဟောင်းကိုပါ တစ်ပြိုင်နက်တည်း တွေ့ခဲ့ပါတယ်။ ဝက်စ်ဟောလိဝုဒ်မှာ ပြုလုပ်ခဲ့တဲ့ အဆိုတော် ဒရိတ်ခ်ရဲ့ အသက် ၃၀ ပြည့် မွေးနေ့မှာ သုံးယောက်ဆုံဖြစ်သွားကြတာပါ။ ကေတီပယ်ရီနဲ့ ဂျွန်မေယာကတော့ ပြတ်ပြီးချိန်မှာ နောက်ကြောင်းရှင်းပေမဲ့ တေလာဆွစ်မှာတော့ အချစ်ဟောင်းကိုလည်း မိတ်ဆွေမတော်နိုင်သလို သူငယ်ချင်းကိုလည်း ရန်သူတော်အဖြစ် သတ်မှတ်ခဲ့သူဖြစ်ပါတယ်။

play

 

ရန်သူတော်တွေဖြစ်နေကြတဲ့ ရည်းစားဟောင်းနှစ်ယောက်နဲ့ တစ်ပွဲတည်း လာဆုံနေရတာကြောင့် ဂျွန်မေယာမှာလည်း မျက်နှာမသာမယာနဲ့ တွေ့ခဲ့ရပါတယ်။

Source : E Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ